အပိုင်း ၁၆၁၁-၁၆၁၄

499 25 1
                                    

အခန်း ၁၆၁၁ အပျက်မ


အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ညနေ ၅ နာရီ ထိုးပြီဖြစ်သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ညစာစားပြီးနောက် စစ်ဟယ်ယွမ်မှ ထွက်ခွာလာကြသည်။

ကုနင်းသည် ရာစုနှစ်မြို့တော်သို့ပြန်မောင်းပြီး လင်ရှောင်းထင်သည်တော့ သူ၏ စစ်အခြေစိုက်စခန်းသို့ ပြန်သွားရန် လိုအပ်သည်။

လင်ရှောင်းထင်က ကုနင်းကို အိမ်ပြန်ပို့‌ပေးချင်ပေမယ့် ကုနင်း ကားယူလာတဲ့အတွက်‌ကြောင့် သူတို့နှစ်ယောက် တံခါးဝမှာပဲ လမ်းခွဲလိုက်ကြမည်။

ရက်အနည်းငယ်ကြာလျှင် ပြန်ဆုံတွေ့နိုင်သော်လည်း နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မခွဲခွာချင်ကြပေ။

"အခုအချိန်ဆို ကျင့်ကြံသူသူရဲ့ လေထုကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့တဲ့အတွက် အရမ်းသတိထားရမယ်‌နော်။ ရှင့်ထက် သန်မာတဲ့ ကျင့်ကြံသူနဲ့တွေ့ရင် အကူအညီတောင်းဖို့ အဘိုး ရှမ့်ကွမ်ဆီလှည့်ပြန်‌နော်။" လို့ ကုနင်းက ပြောသည်။

"ကိုယ်နားလည်ပါပြီ" ကုနင်းက သူ့ကိုဂရုစိုက်တာကို လင်ရှောင်းထင် ခံစားလိုက်ရသည်။ ကုနင်းသည် သူ့ကို ဂရုတစိုက်သောကြောင့်သာ သတိထားဖို့ ထပ်ခါသတိပေး‌နေခြင်းဖြစ်သည်။

ထို့နောက် လမ်းခွဲလိုက်ကြသည်။

သို့သော် ကုနင်းသည် ဟိုတယ်တစ်ခုမှ ဖြတ်သွားသောအခါ သူမသည် ကူအန်းနာကို တိုက်ဆိုင်စွာတွေ့လိုက်ရပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး နှစ်ယောက်က သူမအား ကြမ်းတမ်းစွာ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသည်။ ကူအန်းနာဟာ ရုန်းကန်‌နေပေမယ့် အမျိုးသမီးနှစ်ယောက်နဲ့ယှဥ်လျှင် သူမဟာ အားနည်းလွန်းသည်။

ဘေးမှာကြည့်ရှုသူများရှိသော်လည်း ကူအန်းနာကို မည်သူမျှ မကူညီကြပါ။ ဟိုတယ်လုံခြုံရေး အစောင့်တွေက အမျိုးသမီး နှစ်ယောက်ကို တားဆီးဖို့ ကြိုးစားပေမယ့် အသုံးမဝင်‌ပေ။

ကူအန်းနာက ကုနင်းရဲ့ သူငယ်ချင်းမို့လို့ ဒီအချိန်မှာ တစ်ခုခုလုပ်‌ပေးရမှာပေါ့။ မနှောင့်နှေးဘဲ ကုနင်းသည် ဟိုတယ်တံခါးဆီသို့ မောင်းသွားလိုက်သည်။ ကားပေါ်မှ ဆင်းပြီးသည်နှင့် အဆင်မပြေသော စကားများကို ကြားလိုက်ရသည်။

ဖီးနစ်သွေးစက် Book 6Where stories live. Discover now