အခန်း ၁၀၉၃ ဓါးပြတွေကိုအလဲထိုးခြင်း
ထိုဓါးပြတွေလက်ကနေပြီး လွတ်မြောက်နိုင်မည့် နည်းလမ်းကောင်းကို လင်ရှောင်းထင် မတွေးနိုင်ခင်မှာပဲ သူတို့ရှေ့မှကားက ရုတ်တရက်ကြီး ထိုးရပ်ပစ်လိုက်သည်။ "ကားကိုရပ်လိုက်!" ကုနင်းလဲ သူမတို့ကားရှိယာဉ်မောင်းကို ချက်ချင်းပြောလိုက်သည်။
"ဘာဖြစ်လို့လဲ?" ကျီပိုင်ယင်း နားမည်စွာဖြင့်မေးလိုက်သော်လည်း ကုနင်းတွင် သူမကို ရှင်းပြပေးဖို့ အချိန်ရှိလို့မနေပေ။
ယာဉ်မောင်းက ကုနင်းစကားအတိုင်း ကားကိုရပ်လိုက်သော်လည်း ဓါးပြများနှင့် ၃မီတာမျှသာဝေးတော့ပေသည်။
သူတို့ကားရပ်လိုက်ပြီးသည်နှင့် ဓါးပြတွေက သေနတ်ကိုယ်စီဆွဲကာ ကားထဲမှခုန်ဆင်းလာခဲ့ကြသည်။
"ဓါးပြတွေပဲ!"
ယာဉ်မောင်းလဲ ဆိုးရွားတာတွေဖြစ်တော့မည်မှန်း နားလည်သွားသည်။ ယာဉ်မောင်းသည် မြို့ခံတစ်ဦးဖြစ်တာကြောင့် ဒီအခြေအနေကဘယ်လောက်အန္တရာယ်များလဲ သိပေသည်။
ကားရှေ့ခရီးသည်ထိုင်ခံတွင် မန်တရှိနေကာ သူသည်လဲ ရှေ့ကမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
သူတို့ရှေ့တည့်တည့်ကလမ်းပေါ်မှာ ဓါးပြတစ်အုပ်ရှိနေတာပဲ။
"ဘာ? ဓါးပြတွေလား?" ကျီပိုင်ယင်းနှင့်နန်တို့ အံ့ဩတကြီးရေရွတ်လိုက်ကြသည်။
"လေလံပွဲမှာ မင်းတန်ဖိုးကြီးကျောက်ရိုင်းတွေအများကြီးနိုင်လာလို့ သူတို့တွေ သတိထားမိသွားတာဖြစ်မယ်။ သူတို့သာ မင်းရဲ့အဖိုးတန်ပစ္စည်းတွေကို လိုချင်နေတာဆိုရင် ဒီအတိုင်းသာပေးလိုက်၊ ဒါမှ မင်းတို့အသက်အန္တရာယ်မရှိမှာ။" ယာဉ်မောင်းက တုန်တုန်ရီရီဖြင့်ပြောလာသည်။
ဒီလိုမျိုး ဓါးပြတွေက ချမ်းသာသည့်လေလံဆွဲသူတွေ အိမ်ပြန်လမ်းနောက်လိုက်ကာ ဓါးပြတိုက်သည့်အဖြစ်မျိုး အရင်ကလဲ အကြိမ်ပေါင်းမနည်းဖြစ်ဖူးလေသည်။ ပုံမှန်အားဖြင့်တော့ သူတို့တွေက ငွေတစ်ခုတည်းကိုသာ အလိုရှိကြကာ လူတွေကို သတ်လေ့မရှိပေ။