အခန်း (1057-1074) Unicode

1.7K 126 5
                                    

အခန်း ၁၀၅၇ ဖူလူရှိုးကျောက်စိမ်းလက်ကောက်

"ကောင်းလိုက်တာ၊ တကယ်တော့ ခိုကျီကိုနှစ်သက်တဲ့လူတွေအများကြီးရှိတယ်ဆိုပေမယ့် မစ္စကျန်းကတော့ သဘောမကျဘူးလေ။ သူ့ရဲ့အသားအရေက ပုံမှန်အသားအရေမဟုတ်ဘူးထင်တယ်။" ကုနင်း ယွီယင်းနှင့်စကားပြောရင်း တစ်ဖက်က ကျန်းရှူးယွမ်ကို ခနဲ့လိုက်သေးသည်။

ထိုစကားကြောင့် ကျန်းရှူးယွမ် အလွန်ဒေါသထွက်သွားခဲ့သော်လည်း သူမဘာဆိုဘာမှပြန်မပြောနိုင်သေးခင်မှာပဲ ကုနင်းက သူမနှင့်ဖြတ်ကာ ယွီယင်းနှင့်စကားဆက်ပြန်သည်။ "ဒါဆို အန်တီယင်း JadeBeautyလက်ဝတ်ရတနာတွေကိုကော ကြိုက်လား?"

"ကြိုက်တာပေါ့၊ JadeBeautyဆိုတာ အခုချိန် နာမည်အကြီးဆုံးဘရန်းပဲဟာကို!" ယွီယင်း ပြုံးကာပြန်ဖြေလိုက်သည်။

မြို့တော်ရှိ အဆင့်အတန်းမြင့်အမျိုးသမီးများစွာသည်လဲ JadeBeautyလက်ဝတ်ရတနာဆိုင်၏ ပရိသတ်များဖြစ်နေကြပြီဖြစ်ကာ ထိုဆိုင်မှ အဆင့်မြင့်ကျောက်စိမ်းလက်ဝတ်ရတနာတစ်ခု ပိုင်ဆိုင်ရတာကိုပင် ဂုဏ်ယူစရာလိုဖြစ်နေသည်။

JadeBeautyနှင့်ယှဉ်လိုက်လျှင် တခြားသော လက်ဝတ်ရတနာဘရန်းများ၏ကျော်ကြားမှုသည် မှေးမှိန်လို့သွားရသည်။ ဒီလိုနဲ့ပဲ JadBeautyလက်ဝတ်ရတနာဆို၏ကျော်ကြားမှုက ပိုပိုပြီး တိုးမြင့်လာခြင်းဖြစ်သည်။

"တော်သေးတာပေါ့၊ ကျွန်မ အန်တီယင်းအတွက် လက်ဆောင်လေးပြင်ထားမိတာ။" ကုနင်းပြောပြီးသည်နှင့် သူမလွယ်အိတ်ထဲမှပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

တကယ်တော့ အခုချက်ချင်းကြီး ယွီယင်းကို လက်ဆောင်ပစ္စည်းပေးဖို့ ကုနင်းမရည်ရွယ်ထားခဲ့သော်လည်း ကျန်းရှူးယွမ်ကိုရန်စချင်တာကြောင့် အခုပဲပေးလိုက်ဖို့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူမသည် အားနည်းပျော့ညံ့သည့်မိန်းကလေးမဟုတ်သလို သူမကိုတိုက်ခိုက်လာပါက ငြိမ်ခံနေမည့်လူစားမျိုးလဲမဟုတ်ပေ။

ယွီယင်းကတော့ အံ့ဩသွားခဲ့သည်။ 'ကုနင်းက အခုလေးတင် သူမကို JadeBeautyနှင့်ခိုကျီ ကြိုက်လားဟု မေးထားတာဆိုတော့ လက်ဆောင်ပေးမယ့်ပစ္စည်းတွေက JadeBeauty ဒါမှမဟုတ် ခိုကျီက ထုတ်ကုန်တွေပဲဖြစ်ရမယ်။'

ဖီးနစ်သွေးစက် Book 6Where stories live. Discover now