အကိုယွန်ဂီကိုအရင်ပေးပြန်ပြီး barတစ်ခုကို သူ၀င်လိုက်သေးသည်။ အချိန်တော်တော်ကြာ နေလိုက်ပြီးမှ အိမ်ကိုပြန်လာတော့သည်။ အစတုန်းကတော့ အိမ်ကိုနေ့နေ့ညညထယ်ယောင်းကလာတက်နေလေသည်။ အခုတော့ သူတို့နစ်ယောက်ကြားမှာ ပြင်မရတဲ့ ကိစ္စတစ်ချို့တွေဖြစ်သွားပြီးတဲ့နောက်မှာ ထယ်ယောင်းအလာကြဲသွားခဲ့သည်။ အခန်းရဲ့ password ကိုရိုက်ထည့်ပြီး အခန်းထဲ၀င်တော့ မှောင်မဲနေတာကြောင့်မီးခလုတ်ကို ဖွင့်လိုက်သည်။ အပေါ်ကုတ်ကိုချွတ်မလိုလုပ်တော့ သူ့ရဲ့ကုတင်ခြေရင်းမှာ ခြေထောက်နစ်ဖက်ကိုကားကာထိုင်နေပြီး ဆေးလိပ်သောက်ကာ သူ့ကိုကြည့်နေတဲ့ထယ်ယောင်းကို လန့်သွားတာတော့အမှန်ပေ။
" ဘာလုပ်နေတာလဲ.. ?"
ဒီအချိန်က သတို့သမီးနားမှာရှိနေရမယ့်အချိန်မဟုတ်ဘူးလား ?။ သူ့ဆီလာပြီးဘာလာလုပ်တာလဲ ?။ ပြီးတော့ ကင်မ်ထယ်ယောင်းက အပေါ်ပိုင်းကိုအ၀တ်အစားမ၀တ်ထားတာ။ အ၀တ်အစားမ၀တ်လည်း ထယ်ယောင်းလိုလူမျိုးက ကြည့်မကောင်းနေတဲ့ပုံမျိုးမှမဟုတ်တာ။ သူများတွေလို absတွေမရှိပေမဲ့ ဒီခန္ဓာကိုယ်က အမျိုးသားတစ်ယောက်မှာရှိသင့်တဲ့အချိုးအစားနဲ့ပြည့်စုံလေသည်။ ပြီးတော့ လက်ချောင်းကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်နဲ့တောင်အထာကျလေသည်။ ထယ်ယောင်း ထိုမျှလောက် ပြီးပြည်စုံတဲ့လူဖြစ်လေသည်။ မဟုတ်သေးဘူး။ ထိုမျှ မက အလုံးစုံ ပြီးပြည့်စုံသည်။
" မင်းကော့ ဘယ်သွားနေတာလဲ...?"
အမိန့်သံဆန်ဆန်နဲ့မေးလာတဲ့ ထယ်ယောင်း ကျွန်တော် 5နစ်ကတည်းကသိလာခဲ့တဲ့ပုံစံမျိုးနဲ့ နည်းနည်းလေးမှ ပြောင်းမနေပေ။ အသန့်ကြိုက်တယ်| လူရွေးပေါင်းတယ်| မာနကြီးတယ် |ချေမိုးတယ်။ ပြီးတော့ ကင်မ်ထယ်ယောင်း မနာလိုစရာကောင်းလောက်အောင် ရုပ်လည်းချောသလို ဘယ်အနေအထား ဘယ်ရူထောင့်ကပဲဖြစ်ဖြစ် ပြီးပြည်စုံသလို ရက်စက်တက်တဲ့ နတ်ဆိုးတစ်ပါးနဲ့တူလေသည်။ ကျောင်းနေတဲ့တစ်လျှောက်လုံး ကျောင်းကလူတွေက ကင်မ်ထယ်ယောင်းကိုခေါ်ကျတဲ့နာမည်ပြောင်က "နတ်ဆိုး"တဲ့။
" အကိုယွန်ဂီနဲ့တွေ့ပြီးပြန်လာတာ..."
ကုတင်အောက်မှာ ထယ်ယောင်းပစ်ချထားတဲ့ အင်္ကျီတွေကို ကောက်လိုက်ရင် ထယ်ယောင်းဘေးနားမှာ တင်ပေးလိုက်သည်။ ထိုသို့ပြောတော့ ထယ်ယောင်းက ကျွန် တော့်အားစူးစိုက်ကြည့်လေသည်။
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။