ကျွန်တော်သည် ထယ်ယောင်းကိုချစ်နေမိလေသည်။ထိုအချိန် ဘယ်နေ့ကစလည်းဆိုတာ မသေချာပေမယ့် ထယ်ယောင်းကျွန်တော့်အား ပန်းပေးတဲ့နေ့ကစပြီး ကျွန်တော်အတွက်ပိုသေချာတယ်လို ပြောရမည်ဖြစ်လေသည်။ အရင်လို ထယ်ယောင်းကိုတွေ့တိုင်း ကျွန်တော်ဘက်ကဖြူစင်မနေတော့ပဲ နေရခက်လေသည်။ သို့ပေမယ့် ကျွန်တော်သည် ထယ်ယောင်းမျက်နှာကို မြင်ရင်အေးချမ်းမူကိုရပြီး စိတ်ကိုတည်ငြိမ်လေသည်။ တစ်နေ့တစ်နေ့ ပျတ်ယွင်းလာတဲ့ကျွန်တော်အခြေအနေကို ထယ်ယောင်းမသိအောင် ဖုံးကွယ်ထားရသည်မှာလည်း အလွန်တရာကို ခက်ခဲနေလေသည်။ ကျွန်တော်ဘက်က တစ်ချက်မှားတာနဲ့ ထယ်ယောင်းနဲ့ကျွန်တော်ရဲ့ပျတ်ဆီးသွားမယ့် ဆက်ဆံရေးမျိုးကို ပိုမလိုချင်ပေ။ ကျွန်တော်အတွက်က ပိုင်ဆိုင်စရာလည်းမရှိသလို တွယ်နာစရာဆိုလိုလည်း ထယ်ယောင်းအပြင်မရှိတဲ့လူပါ..။
" တီတီ ဘာချက် "
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့တီတီအား ဂျီမင်အနောက်ကနေခါးကို ပွေ့ဖက်လိုက်ရင်
" ကလေးကြိုက်တာတွေပေါ့ "
တီတီပုခုံးပေါ်မှာရှိနေတဲ့ကျွန်တော့်ရဲ့ခေါင်းကို တီတီကလက်တစ်ဖက်နဲ့ဆံပင်ကိုဖွလိုက်ရင်
" ချွန်းဂွတ်ဂျန်ပဲ အား ..ဒါကိုထယ်ယောင်းကြိုက်တာ ထယ်ယောင်းက သိပ်ကြိုက်တာ "
မြူးတူးနေတဲ့ဂျီမင်ကိုကြည့်ကာ ဟန်ဟယ်ဆောင်းက
" ကလေးကော့ကြိုက်တယ်မဟုတ်လား ?'
" ဒါပေါ့ ထယ်ယောင်းကြိုက်လို့ ကျွန်တော်ကြိုက်တာ "
သူမအား လိမ်လည်ခြင်းတစ်စုံတစ်ရာမရှိပဲ အမြဲတမ်းရင်ထဲမှာခံစားချက်တွေကို ပြောတက်တဲ့ ကလေးလေး။ ကိုယ်ကြိုက်တဲ့အရာတွေကို ရရင်ထက် ထယ်ယောင်းဆိုတဲ့ကလေးရဲ့ကြိုက်တဲ့အရာတွေကိုတွေ့ရင် ပိုပျော်တက်တဲ့ကလေး။ သူမသည် ထိုကလေးနစ်ယောက်အား အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်နေမိလေသည်။ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ပဲလား ? ။ ထယ်ယောင်းဆိုတဲ့ကလေးဘက်က သူမရဲ့ကလေးအပေါ် ပုံမှန်အတိုင်းဖြစ်ပေမယ့် သူမရဲ့ကလေးကတော့ ထိုသို့မဟုတ်နေပြန်ပေ။ မဖြစ်ဘူးလေ ကလေးရယ် ကလေးလေးမိဘတွေရဲ့ အကြောင်းအရင်းအမှန်ကိုသိသွားရင် ထပ်ပြီးနာကျင်ရမှာ ကလေးပဲလေ။ အဲအခါကျရင် ခံနိင်ရည်ဖြစ်ပါတော့မလားကွယ် ။
![](https://img.wattpad.com/cover/322002356-288-k944937.jpg)
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။