၁၉

1.7K 217 23
                                    

" ဝါး ... Forever လုပ်ငန်းစုကလူတွေကြီးပဲ "

ဒီနေ့ တရားရုံးကို ဂျုရီအဖွဲ့၀င်အနေနဲ့ သူနဲ့ဟိုဆော့လာလေသည်။ သတ်မှတ်ပေးထားတဲ့နေရာမှာ စထိုင်တဲ့အချိန် ဟိုဆော့ဘက်က ပြောတာဖြစ်လေသည်။  တရားခံဘက်က ရှေ့နေ့လိုက်ပေးသူမှာ
" Forever" လုပ်ငန်းစုကလူဖြစ်နေလေသည်။ စိတ်၀င်စရားကောင်းတာက တရားခံ ကောင်လေးငါးယောက်က " Forever" လုပ်ငန်းစုက ရှယ်ယာ၀င်တွေနဲ့ ရဲမှူးသားတွေ ဖြစ်နေလေသည်။

" ဟမ့်.."

" ကြည့်ရတာ အကွက်ကချထားပြီးသားထင်တယ်  "

" ဘာလိုပဲ ချထားထားပေါ့ အခုထိသူတို့အနိင်ကျင့်လိုခံလိုက်ရတဲ့ ကောင်လေးကဆေးရုံကနေ မဆင်းရသေးဘူး ။ အနိင်ကျင့်မူ | မုဒိန်းမူကို ငွေနဲ့ဖြေရှင်းလိုပဲ ရနေရင် ဘာလို ဥ‌ပဒေကရှိနေသေးတာလဲ ?"

" အဲဥပဒေရဲ့အထက်မှာ သူတို့ရှိနေလိုပေါ့ "

" အဟင့်..."

စိတ်၀င်စားစရာအကောင်းဆုံးက တရားခံဘက်မှာထိုင်နေတဲ့ ကော‌င်လေးငါးယောက်က  ဒီအမူကိုနိင်မယ်ဆိုတာ သိနေတဲ့ပုံနဲ့ မထီမဲ့မြင်မူနေတာ။ အခု ဂျုရီအဖွဲ့၀င်အနေနဲ့ ပါလာတဲ့ခြောက်ယောက်မှာ လေးယောက်က သူ့တို့နဲ့ ပတ်သက်ဆက်နွယ်နေတဲ့လူတွေကြီးပဲ။ သူနဲ့ဟိုဆော့ကသာ အပြင်လူလိုဖြစ်နေတာ။

" တရားသူကြီးမင်းခင်ဗျာ ... ဒီလုပ်ရပ်ကို လုပ်ပါတယ်လို့ ကျနော်ရဲ့အမူသည်တွေကနေ သက်‌သေလည်းမရှိပဲနဲ့ ဒီလိုတရားခံခုံမှာ ထိုင်နေရတော့ လွန်းလွန်းတယ်လို မထင်ဘူးလား ?"

တရားရုံးကို လာရောက်ကြတဲ့ပြည်သူတစ်ချို့ကလည်း လူပ်လူပ်ရှားရှားနဲ့ဖြစ်နေလသည်။ တရားသူကြီးသည် တစ်နိင်ငံလုံးရဲ့ အလေးစားခံရဆုံးပုဂ္ဂိုလ်ဖြစ်လေသည် ။  မှားသွားရင်တောင် မှန်နေတယ်လို ထင်ခံရတဲ့လူမျိုးပဲ။

" ရန်ဖြစ်ဖူးယုံလေးနဲ့  ဒီလိုနေရာမှာ ကျနော်ရဲ့အမူသည်ကထိုင်မနေသင့်ဘူးလို့ထင်ပါတယ်။ နောက်ပြီး မုဒိန်းမူနဲ့ စွပ်စွဲရအောင်လည်း ကျနော်ရဲ့အမူသည်တွေက ယောင်္ကျားအချင်းချင်းကြိုက်နှစ်သက်တဲ့လူတွေ မဟုတ်ပါဘူး "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now