၁၈

1.6K 226 38
                                    

" ရား ....စပ်တယ်ဟာ "

ဘယ်အချိန်ကတည်းက ရန်ဖြစ်ထားတာလည်းမသိပါ။ အိုယိုဂျင်းနဲ့အခန်းထဲမှာ ဘာဆက်ပြောကြနေလည်းမသိပေ။ ထယ်ယောင်းသူတို့ဆီပြန်လာတော့ အိုယိုဂျင်းမပါလာပေ။  " ဆေးထည့်ပေး " ဆိုပြီး ခေါ်ကာ ကျောင်း၀င်းထဲက ခုံမှာထိုင်ကာ ဆေးထည့်ပေးရသည်။ ကျောင်းသားကျောင်းသူတွေအတွက် ဆေးပေးခန်းရှိပေမယ့် ထယ်‌ယောင်းမသွားပေ။ လူရူပ်တာကို ထယ်ယောင်းက နဂိုကတည်းက မကြိုက်ပေ။

" ရန်ဖြစ်တုန်းကကော့ နာတယ်လို ့မထင်ဘူးလား ?"

လက်ဆစ်နေရာတွေမှာ ပေါက်ဖြဲနေတာမို့အရက်ပြန်ကို ဒီအတိုင်းလောင်းချပစ်လိုက်‌တာ။ ထယ်ယောင်းသည် ဂျီမင်ကို စိတ်ဆိုးဆိုးနဲ့ ဘုကြည့်ကြည့်လေသည်။ ဂျီမင်ကလည်း ထယ်ယောင်းကို လုပ်ရင်ခံပါ့ဆိုတဲ့အကြည့်နဲ့ ကြည့်လေသည်။ထယ်ယောင်းဘက်က လက်နေရာကလွဲရင် ဘယ်နေရာမှာ ထိခိုက်မနေတာကြောင့်  ထယ်ယောင်းခံလာရတာတော့မဟုတ်ချေ။

" ရန်ဖြစ်လာပါတယ်လို့ ငါပြောမိလိုလား ?"

" ဒါဆိုဒီဒဏ်ရာတွေက ဘာတွေလဲ ...တရားသူကြီးမလုပ်ပဲ မားဖီးယားဂိုဏ်းပဲထောင်လိုက်ပါလား မင်းနဲ့သိပ်လိုက်တယ် ။ နေရာတကာ လက်ပါနေတာ "

" ပတ်ဂျီမင် ..ငါတရားမနာချင်ဘူး "

အရက်ပြန်ကြောင့်တော်တော်စပ်သွားတယ်နဲ့တူပါရက် လေနဲ့မူတ်နေတာ။ သူလည်းထယ်ယောင်းလက်ကိုပြန်ဆွဲယူပြီး မူတ်ပေးလိုက်သည်။ ထယ်ယောင်းသည် သူ့ကိုသေချာစိုက်ကြည့်သည်။

" ဂျီမင် .."

" ဘာလဲ .."

" မင်းသာမိန်းခလေးဖြစ်ရင် သိပ်ကောင်းမှာပဲ "

" .....ဘာလိုလဲ ?"

" ငါရည်းစားတော်ပစ်မလို့ပေါ့ "

လေမူတ်ပေးနေတာကို ဂျီမင်ရပ်သွားလေသည်။ ဒီစကားက သူ့ကိုနာကျင်စေမှန်းမသိခဲ့ဘူး။ သူတွေးဖူးတယ် ထယ်ယောင်းက မိန်းခလေးပဲကြိုက်တာမို့ သူကော့ မိန်းခလေးလို ပြောင်းပစ်လိုက်ရမလား ? ဒါဆို ထယ်ယောင်းက သူ့ကိုကြိုက်လာနိုင်လား ? ချစ်လာနိင်လား ?။  တစ်ဖက်ကိုပြန်စဉ်းစားကြည့်မိတော့လည်း သူသည် ဘယ်တော့ကမှ မိန်းမ မဖြစ်ချင်ခဲ့ပါ။ ယောင်္ကျားလေးတစ်ယောက်လိုနေရတာကိုပဲ သဘောကျပြီး ဆန့်ကျင်ဘက်မဟုတ်တဲ့ လိင်တူအမျိုးသားတစ်ယောက်ကို ချစိမိသွားယုံပဲ။ ကျန်တာ သူ့စိတ်တွေ ဘာမှမပြောင်းလဲပေ။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now