၂၆

1.8K 235 23
                                    


" အဖွားကတွေ့ဖို့ခေါ်ခိုင်းတိုင်း ဘာလိုရှောင်နေတာလဲ ကင်မ်ထယ်ယောင်း...ဖွားကိုမလေးစားတာလား ?  "

အိမ်ကိုလာဖို့ခေါ်နေတာ သုံးကြိမ်မြောက်မှာတော့ ဖွားက သူ့companyထိကို လိုက်လာလေသည်။ အရင်ကတည်းက သူ့ကို "Kim " လုပ်ငန်းစုရဲ့အမွေဆက်ဆံမယ့်လူလို့ သိထားကြပြီးသားပဲ။ အခုထိ ဖွားရဲ့အရိပ်က လိုက်လွှမ်းမိုးနေတာပဲ။ သူ့ရုံးခန်းထဲထိကို လိုက်လာပြီး သူကိုလာတွေ့တာ။

" အလုပ်မအားလို့ပါ "

ထယ်ယောင်း ခပ်ပြတ်ပြတ်ပဲဖြေလိုက်သည်။ ဘယ်တုန်းကမှမကောင်းခဲ့တဲ့ဒီဆက်ဆံရေးက  နောင်လည်းဆက်၍ကောင်းလာစရာမရှိပါ။ မာမီသည် ဖွားရဲ့အလှအပကိုအမွေဆက်ဆံထားတဲ့သမီး‌ဆိုလည်း မမှားပေ။ ဖွားသည် အသက် ၇၀ ကျော်အရွယ်ရှိပြီးဖြစ်တာတောင် ကျန်းမာတုန်း ၊ အာဏာရှိတုန်း ၊ မာနကြီးနိင်တုန်းပဲ။ ဒီလိုပဲ လုပ်ချင်တာကိုလည်း ဘယ်သူ့မျက်နှာမှ မကြည့်ပဲလုပ်တက်လေသည်။ ထိုကြောင့် သူဖွားကိုအနိင်ရဖို့လိုတယ်။တစ်ယောက်သောသူကို ပိုင်ဆိုင်ရဖို့ဆိုရင် ဖွားကိုနိင်ဖို့ လိုကိုလိုတယ်။ဒါပေမယ့် ဖွားအရင်သိလို့တော့မရပေ...။

" ဆင်ခြေတွေမပေးနဲ့ထယ်ယောင်း..မင်းအဖွားက မင်းဘာလုပ်နေလဲဆိုတာမသိရအောင် ပစ်ထားမယ့်လူလို့ထင်နေတာလား....နေချင်သလိုနေပါစေဆိုတာနဲ့ပဲ မင်းမလေးမစားလုပ်တာခံရမယ့် လူလို့ထင်မနေနဲ့ "

" ဖွားကို ကျွန်တော်တစ်ခါမှာတောင် မလေးစားဖူးဘူး ။ ဖွားခေါ်တိုင်းလာရအောင် ပြောတိုင်းလုပ်ရအောင်လည်း ကျွန်တော့ကအဖွားကြိုးဆွဲရာကမယ့် ဖွားရဲ့သမီးကျွန်တော့်ရဲ့မာမီလို့လူမျိုးမဟုတ်ဘူး"

ဖွားက နူတ်ခမ်းတစ်ဖက်ပဲကွေးတက်အောင်ပြုံးရင် အရှေ့မှာ ချပေးထားတဲ့ ရေခွက်လေးကို ယူသောက်လေသည်။ မာမီနဲ့ဖွားနဲ့တူညီသည့်အချက်မှာ ကော်‌ဖီတွေ အအေးတွေကိုလုံး၀မသောက်သလို ရေကိုသာများများသောက်သည်။

" ငါ့ကိုအာခံရဲတဲ့လူဆိုလို့ မင်းပဲရှိတယ်ထယ်ယောင်း"

" ဟုတ်မှာပါ ...ဒီကိုလာတာ ဒီကိစ္စတွေပဲပြောဖို့မဟုတ်ဘူးထင်တယ် "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now