၃၈

1.9K 244 61
                                    

" ငါ့သားရဲ့ပန်းခင်းလေးက အခုတော့ ပန်းခင်းကြီးဖြစ်သွားပြီးပဲ "

တီတီသည် ကျုးလစ်ပန်းခင်းကိုကြည့်ကာ ပြောနေတာဖြစ်လေသည်။  အခုတော့ ဂျီမင်တို့ရွာတောင်မဟုတ်ပဲ အခြားရွာတွေကတောင် အော်ဒါမှာနေတာဖြစ်လေသည်။   ဂျီမင်လည်း ပန်းခင်းကြီးကို ကြည့်ရင် ကြည်နူးရလေသည်။

" တီတီကော့ ကျုးလစ်ပန်းကြိုက်လား ?"

အပင်အားဆေးတွေထည့်နေရင် ဂျီမင်ကပြောလေသည်။ တီတီသည် ခေါင်းခါသည်။

" မကြိုက်ဘူး ...တီတီက နွေဦးပန်းလေးကိုပဲ ကြိုက်တာ "

" ...."

တီတီလည်း ကျုးလစ်ပန်းကို မကြိုက်သလိုထယ်ယောင်းလည်း ကျုးလစ်ပန်းကို မကြိုက်ပါ။

" တီတီ ဒီနေ့ ကလေးတွေဆီ မသွားဘူးလား ?"

" သွားမယ်သား ...သားကော့ ကျောင်းသွားရမယ်မဟုတ်လား ..ကဲ ပြောစမ်းပါအုံး အွန်းဂျီလေးက သားကို လက်ထပ်ချင်လို့ ပန်းတွေလာလာပေးတယ်ဆို "

" ဟာ့...တီတီကလည်း "

အွန်းဂျီလေးက တကယ်အဆိုးလေး ။  အရွယ်ရောက်လာတဲ့အထိ စောင့်ဖို့သာ ပြောနေလေသည်။ ဂျီမင်တစ်ကျောင်းလုံးမှာ အကြောက်ရဆုံးလူသည် အွန်းဂျီဖြစ်လေသည်။ အွန်းဂျီလေးသည် ဂျီမင်ကို တော်တော်လေး ခင်မင်လေသည်။ မိဘတွေနဲ့ ဝေးနေရလို့ ဂရုစိုက်ပေးနဲ့လူကို ခင်တွယ်နေတာများလား ? ။

" ကဲ မနက်ဖြန် သား..ဆိုးလ်ကိုပြန်မယ်ဆို "

" ဟုတ်ကဲ့ "

" အေး အေး  သတိရရင်တော့ ဒီကိုပြန်လာပေါ့။ ဒီနေ့ အွန်းဂျီလေးကို သေချာနူတ်ဆက်ခဲ့နော်"

" ဟုတ်ကဲ့ တီတီ "

ကျောင်းရောက်လို့ ဂျီမင်သည် ဆရာအသစ်နဲ့အတူ အတန်းထဲ၀င်လိုက်သည်နှင့် အွန်းဂျီက ထငိုလေသည်။ ဆရာအသစ်ရောက်လာပြီးဆိုတာ သိသောကြောင့်ဖြစ်လေသည်။   အွန်းဂျီလေးက စငိုတော့ ကျန်တဲ့ကလေးတွေပါငိုချင်လာလေသည်။
အွန်းဂျီလေးကို ဂျီမင်တော်တော်လေး ချော့လိုက်ရလေသည်။ ကလေးတစ်ယောက်ရဲ့ ခင်တွယ်မူကဘယ်လာက်ထိ နက်ရိူင်းပါသလဲ ? ။ အတိတ်ကဂျီမင်သေးသေးလေးကကော့ ကင်မ်ထယ်ယောင်းဆိုတဲ့ကလေးလေးပေါ်မှာ သိပ်ခင်တွယ်ခဲ့မိတာကိုလည်း ပြန်သတိရမိချေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now