၃၉

1.9K 245 57
                                    

" ကိုယ်လာလို့ စိတ်အနှောင်အယှက်ဖြစ်သွားလား...?"

အယ်ရာသည် ဒီနေ့မှာ ထူးထူးခြားခြား ဆေးရုံကိုလာလေသည်။ ထိုကိစ္စတွေဖြစ်ပြီးကတည်းက အယ်ရာသည် ထယ့်ယောင်းကို လာမတွေ့ခဲ့ပါ။ သူမရဲ့အပြစ်လို့ ခံယူထားတာကြောင့် မျက်နှာချင်းမဆိုင်ရဲသလို တွေ့ဖို့လည်း အင်အားမရှိပေ။ ဒီနေ့က အားယူကာ လာခဲ့ခြင်း ဖြစ်လေသည်။ ပြီးတော့ သူမ ဆွစ်ဇာလန်ကို ပြန်ရအုံးမယ် မဟုတ်လား ? ။ 

" မဖြစ်ပါဘူး..။ ကျွန်တော့်ဘက်ကလည်း အစ်မနဲ့ပတ်သက်ပြီး တောင်းပန်ချင်တာ လေးတွေရှိတယ် "

ဂျီမင်သည်တကယ်တော့ အယ်ရာကို အားနာသလို...တောင်းလည်းတောင်းပန်ချင်လေသည်။ ဂျီမင်တို့အတွက်နဲ့ သူမက ဓားစာခံဖြစ်ခဲ့ရတယ်မဟုတ်လား ? ။ ပြီးတော့ လက်ထပ်တဲ့နေ့မှာတင် ကွာရှင်းခံလိုက်ရတဲ့ မိန်းခလေးဖြစ်ခဲ့ရတာပဲ မလား... ? ။

" ဂျီမင်ကော့ နေလို့ကောင်းလား ?"

သူမမျက်စိရှေ့မှာရှိနေတဲ့ ဂျီမင်ရဲ့ပုံစံကိုကြည့်၍ မေးလိုက်ချင်သာ ဖြစ်လေသည်။ သူမအရင်တုန်းက မြင်ခဲ့ရတဲ့ ပုံစံလေးအတိုင်းရှိနေလေသည်။ ပိန်လည်း မပိန်သွားသလို  မျက်နှာလေးက ပြည်ပြည့်လေးရယ်။ ပြောင်းလဲနေတာဆိုလို မျက်၀န်းတွေပဲဖြစ်ပါလိမ့်မယ်။ အမြဲတမ်း ပြာလဲ့လဲ့မျက်၀န်းအိမ်လေးက အခုတော့ အားငယ်နေသည့်ဟန်။ စိုးထိတ်နေသည့်ဟန်။

" ကောင်းပါတယ် "

ဂျီမင်သည် သူမဘက်ကိုလှည့်ကာပြောနေပေမဲ့ လက်တစ်ဖက်ကတော့ ဆေးပိုက်ချိတ်ထားတဲ့ ကင်မ်ထယ့်ယောင်းရဲ့ လက်ကလေးကို ကိုင်ထားတာကို သူမ မြင်ရလေသည်။  တကယ်တော့ သူမသည် ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားနဲ့စပြီးပတ်သက်မိကတည်းက ရူံးနေခဲ့တာ ဖြစ်လေသည်။  ကိုယ့်မျက်နှာကို တစ်ခါမှာတောင် မကြည့်ပဲနဲ့ အခြားလူတစ်ယောက်အတွက် ဖြစ်တည်နေတဲ့တည်ရှိမူမျိုးကို  သူမက အပိုင်လိုချင်ခဲ့တယ်မဟုတ်လား ? ။ တကယ်လက်တွေ့မှာတော့ ဘာကိုမှလည်း မပိုင်ဆိုင်ခဲ့ရသလို ..ချစ်ရတဲ့လူတွေကို ခွဲဖို့ကြိုးစားခဲ့တဲ့ မကောင်းတဲ့ လူသက်သက်သာ ဖြစ်ရလေသည်။ ဆင်ခြင်တုံတရားတွသည် အချစ်နဲ့ ထိတွေ့တဲ့အခါကျရင် မျက်ကန်းတစ်ယောက်လိုပဲ ဖြစ်သွားရချေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now