၄၀

2.1K 244 35
                                    

ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်လေးကို ဂျီမင်သည် ပွေ့ဖက်လိုက်သည်။ လက်မခံချင်သေးဘူးဆိုတဲ့ အသိတရားနဲ့အတူ ဒီလူရဲ့နားမှာပဲ နေချင်နေတုန်းပဲ။ကပ်တွယ်နေတုန်းပဲ။  ဖက်တွယ်ထားတုန်းပဲ ။ လက်နစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်မှာလည်း အခြားလူတွေဆွဲဆောင်သွားမှာကို လွန်စွာ ကြောက်နေ၍ ဖြစ်လေသည်။ ဆုပ်ကိုင်ထားမိတဲ့ ထယ်ယောင်းလက်ကလေးတွေသည် ခပ်နွေးနွေးလေး ဖြစ်လာပြီး ၊ သူ့လက်ကို ပြန်၍ ဆုပ်ကိုင်လိုက်မယ်လို ့ ခံစားရချိန်....

" ဟင်....."

မောဟိုက်သံနဲ့အတူ အသက်ကို ပြင်းပြင်းရူနေရ၍ မျက်လုံးကို အားယူကာ ဖွင့်လိုက်ရလေသည်။ မျက်စိရှေ့မှာ မြင်နေရတာကတော့ ဆေးရုံရဲ့ မျက်နှာကျတ်တွေပဲ ဖြစ်‌ လေသည်။ အိမ်မက်ပဲ .....ဆိုးလွန်းလှတဲ့ အိမ်မက်ပဲ ။ တစ်ယောက်သောသူကို ဆုံးရူံးလိုက်ရတဲ့ အိမ်မက်က သိပ်ကိုကြောက်ဖို့ကောင်းလွန်းတယ် မဟုတ်လား ?   ။  အိမ်မက်လိုမထင်ရအောင် မျက်ရည်တွေက အပြင်မှာကို စိုရွှဲနေလေသည် ။  ဘေးနားကလူရဲ့နားကို တိုးကပ်လိုက်သည်။ ပြီးတော့ ပို၍ တိုးဖက်လိုက်သည်။ ပြီး‌တော့ ဂျီမင်လက်ကလေးတွေသည် ထယ့်ယောင်းရဲ့ နှလုံးခုန်သံကို စမ်းသပ်မိ‌လေသည်။ ထိုချိန်မှာ စိုးရိမ်စိတ်အနည်းငယ် ပြေသွားလေသည်။ နှလုံးခုန်နေတုန်းပဲ .....ပြီးတော့ ဒီခန္ဓာကိုယ်လေးက နွေးထွေးဆဲပဲ။

" မောင်....ငါဘယ်လောက်တောင် လန့်သွားရလဲ မင်းသိလား.... ငါအရမ်းလန့်နေခဲ့တာ ...မင်းထားသွားတာမို့ အရမ်းလန့်နေခဲ့တာ..."

တုန်ခါနေတဲ့အသံနဲ့အတူ ထယ်ယောင်းပုခုံးနားမှာ မျက်နှာအပ်လိုက်မိသည်။အေးချမ်းမူတွေကိုပဲ ဘယ်လိုရှာရှာ ၊  ဘယ်လိုပဲတွေ့တွေ့  ဒီလူသာ အနားမှာ မရှိတော့ဘူးဆိုတာကို တွေးလိုက်ယုံနဲ့တင် ဆောက်တည်ရာမဲ့နေတက်လေသည်။ အသိတရားတွေက မင်းနဲ့ဆိုရင် ဆင်ခြင်မဲ့နေတက်လေသည်။ ငါ့ရဲ့ အေးချမ်းမူက မင်းပဲဆိုတာ ယုံပေးပါ မောင် ။

" မောင်...မင်းငါ့ကိုတော့ မထားခဲ့နဲ့နော်။ ငါ့ကိုပါ ခေါ်သွား ...မင်းမရှိပဲ ငါမနေနိင်ဘူး မောင်ရယ် ..."

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now