၃၁

1.7K 211 42
                                    

ကိုကိုဆုံးပြီးကတည်းက ဒီအိမ်ကို ကျွန်တော်တစ်ခေါက်မှ မရောက်တော့ပေ။  အသက် ၂၈ အရွယ်ရောက်မှာ တစ်ဖန်ဒီအိမ်ထဲကို ပြန်၀င်မိသည်။ အရင်ကထက် ပိုခမ်းနားလာသလို လူသွားလမ်းတစ်ဖက်တစ်ချက်မှာလည်း ကျုးလစ်ဝါတွေနဲ့ပြည့်နှက်နေလေသည်။ ကျုးလစ်ဝါကိုမြင်တော့ ထယ်ယောင်းက ကျွန်တော့်အတွက်အမြဲတမ်းပေးနေတာကို သတိရမိပြန်သည်။ ထိုကျုးလစ်ဝါတွေကို လိုက်ကြည့်မိရင် ဆိုင်းဘုတ်သေးသေးနဲ့ရေးထားတဲ့
" For Min " ဆိုတဲ့ စာသားလေးကိုသွားတွေ့လေသည်။ အံ့ဩသွားနေပေမယ့် အချိန်ကြာကြာ မအံ့ဩလိုက်ရပေ။ ကားက အိမ်ထဲကကားပါကင်ဆီကိုအမြန်မောင်းသွားတာကြောင့်ပင် ဖြစ်သည်။ 

ဂျီမင်ကိုအလယ်မှာထားလာတာကြောင့် နစ်ဖက်လုံးက လူတွေဆင်းတော့မှဂျီမင်ဆင်းရလေသည်။ ထိုလူတွေထဲက ခေါင်းဆောင်လို့ထင်ရတဲ့လူက ဂျီမင်ကိုအိမ်ထဲခေါ်သွားလေသည်။ အိမ်ကထူးထူးခြားခြားပြောင်းလဲသွားတာမရှိပေမယ့် အရင်ကထက် ဒီအိမ်က အေးစက်စက်နိင်လာသည်။  အိမ်လယ်ဆိုဖာပေါ်မှာ ထိုင်နေတဲ့ထယ်ယောင်းအဖွားသည် ဂျီမင့်ကိုအပြုံးလေးနဲ့နူတ်ဆက်လေသည်။ ပြီးတော့ မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှာ ၀င်ထိုင်ရန် လက်ပြလေသည်။ ဂျီမင်သည် မရီလည်းမရီသလို မဲ့လည်းမဲ့မနေပါ။  ကောင်းမွန်တဲ့ဆက်ဆံရေးတွေမဟုတ်တာကြောင့်  ဟန်ဆောင်လုပ်ပြီးပြုံးပြမှာတော့ မဟုတ်ပေ။

" လာသားပဲ ...ဖွားက မင်းမလိုက်လာလောက်ဘူးလို့ထင်တာ "

ဂျီမင်နူတ်ခမ်းတစ်ဖက်ကို တွန့်လိုက်သည်။ အသက် ၆၀ကျော် ၇၀ နီးပါရှိတဲ့အဖွားအရွယ်ရဲ့ဦးနှောက်ထဲမှာ  ဘာလို့ဒီလိုလုပ်ရက်‌မျိုးတွေ လုပ်နိင်လဲပေါ့။ ဟိုဆော့အဖေရဲ့နောက်မှာ အဓိကငွေကိုပံ့ပိုးသူဖြစ်ပြီး ဟိုတစ်လောကမှာ မြို့သစ်စီမံကိန်းအတွက် ထိုရက်ကွက်ထဲမှာ နေနေကျတဲ့ လူတွေကို မဆိုစလောက်ပိုက်ဆံလေးပေးပြီး မောင်းထုတ်ခဲ့သည်။  ဒါက ဟိုဆော့အဖေရဲ့ မြို့တော်၀န်အဖြစ်တာ၀န်ယူထားရတဲ့နေရာပင်ဖြစ်သည်။

" တွေ့ချင်လို့ ကျွန်တော်ခေါ်မှာတော့လာရမှာပေါ့ "

" ဒါပေါ့ ....ကဲ...ဘာကြောင့်ခေါ်လဲဆိုတာကော့ သိလား ?"

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now