" ဘယ်နေရာကို ခေါ်လာတာလဲ ?"
ကားကိုအကြာကြီးမောင်းလာတာကိုတော့ ထယ်ယောင်းသိလေသည်။ ဒါပေမဲ့ ဘယ်ကို ခေါ်လာမှန်းမသိ မောင်းလာမှန်းတော့ မသိပေ။ ကားပေါ်မှာ တစ်ရေးအိပ်ပြီးနိုးလာတော့မှ မရောက်သေးမှန်းသိတာမို့ ... ဘေးက ဂျီမင့်ကို မေးရလေသည်။ ဂျီမင်သည် ပြန်လည်ပြုံးပြပြီး....
" ပြစရာရှိတယ် ...ဒါကြောင့် ခေါ်လာတာ "
" အပြင်မထွက်ချင်ပါဘူးဆို ..."
အိမ်ပြန်ရောက်ကတည်းက အိမ်ထဲပဲအောင်းနေတဲ့ ထယ့်ယောင်းကို ဂျီမင်အပြင်ခေါ်လာတာ ဖြစ်လေသည်။ ဒါရိုက်ဘာကိုတော့ ဘာမှမပြောနဲ့ဟူ၍ မှာထားရလေသည်။ အပြင်ကိုလည်း မသွားသလို ဘယ့်သူနဲ့မှာလဲ မတွေ့ချေ။ သူချက်ကျွေးတာကိုပဲ မကုန်ကုန်အောင်စားတယ်။ ပြီးရင် စာဖတ်တယ်။ စာဖတ်လို့ ညောင်းရင် အိပ်တယ်။ ဒီလောက်ပဲ ။ အလုပ်ကိစ္စတွေ ၀င်ကူမယ်လို့ ပြောပေမဲ့ ခေါင်းကိုက်နေသေးတာကြောင့် အိမ်ကိုတောင် ဂျီမငိအလုပ်တွေ မသယ်လာချေ။
" ရောက်ပြီး "
ကားရပ်သည်နှင့် ဂျီမင်ကအရင်ဆင်းသွားပြီး ထယ့်ယောင်းဘက်ကို ကားတံခါးဖွင့်ပေးလိုက်ပြီး ပွေ့ချီမလိုလုပ်တော့
" ဘာလိုချီမှာလဲ ..ဘာလို့ ဝှီးချဲကမယူခဲ့ရတာလဲ ?"
" အိမ်ထဲမှာရှိတယ် ။ ငါချီချင်လို့... "
ထယ်ယောင်းမျက်နှာပျတ်သွားလေသည်။ တကယ်တော့ ဂျီမင်ပွေ့ချီလိုက်တိုင်း ထယ်ယောင်းတကယ် သဘောမကျပေ။ ဂျီမင်ဆီကနေ ပွေ့ချီခံချင်နေတာမဟုတ်။ သူပဲ ချီချင်တာ။ ဒါကြောင့် မကြိုက်တာ။
" ဦးလေးကြီးကို ချီခိုင်းလိုက် "
" ဘာလို့ ချီခိုင်းမှာလဲ ...ဘာလဲ... ငါကဘာဖြစ်နေလို့လဲ ?'
ကတ်သီးကတ်သပ်နဲ့ ဒီလူဘာဖြစ်နေတာတုန်း ....။ ပွေ့ချီလိုက်တိုင်း မျက်နှာက အဲ့လိုပဲဖြစ်ဖြစ်နေတာ။တကယ်ကို အသဲယားစရာ ။ ကိုက်လည်း ကိုက်ပစ်ချင်စရာ ...။
" ငါပဲမင်းကိုချီချင်တာလေ....။ အခုတော့ မင်းက ငါ့ကို ချီထားတာကို "
![](https://img.wattpad.com/cover/322002356-288-k944937.jpg)
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။