၂၅

1.7K 226 21
                                    

အချိန်တွေကုန်သွားလို့  " ဂျိုဆောင် " တက္ကသိုလ်ကနေ ဘွဲ့ရအထိ ကျွန်တော်နဲ့ထယ်ယောင်းက အရင်ကနဲ့မတူတော့ပဲ စိမ်းသက်သွားခဲ့သည်။ ဘယ်အချိန်ကတည်းကစလဲဆိုရင် ကျွန်တော်ဖွင့်ပြော၀န်ခံမိလိုက်တဲ့နေ့ကနေစတာပဲ။ အရင်ကထက်လည်း ထယ်ယောင်းသည် ရည်းစားပိုများလာလေသည်။  တစ်ယောက်နဲ့အဆင်မပြေတိုင်းနောက်တစ်ယောက်နဲ့ကိုဆက်တိုက်ကိုတွဲနေတော့သည်။ မရည်မတွက်နိင်အောင်ပါပဲ။  ထယ်ယောင်းကတော့ ထယ့်ယောင်းဒယ်ဒီရဲ့ company မှာပဲဦးစီးပြီး လုပ်ကိုင်လေသည်။ သူကတော့ အစိုးရရုံးမှာပဲလုပ်မလို့ စဉ်းစားထားပေမယ့်  အန်ကယ်က "Soulmate" လုပ်ငန်းစုရဲ့ ရှေ့နေအဖြစ် လုပ်ဖို့ကမ်းလှမ်းလာလေသည်။

" သားမင်ကိုပဲ သားရဲ့နားမှာပဲ ထားချင်တာ။ သားကလည်း သားမင်ကလွဲရင်အခြားလူကိုမခန့်ဘူးလို့ပြောနေတယ်။ သားမင်ဘယ်လိုသဘောရလဲ ?"

" ကျွန်တော်ကတော့ အစိုးရရှေ့နေအဖြစ်ပဲအလုပ်လုပ်ချင်တာပါ "

" သားမင်ရဲ့ခံစားချက်ကိုနားလည်ပေမဲ့ အန်ကယ်ကပဲ အတ္တကြီးစွာနဲ့တောင်းဆိုပါရစေ ။ သားက သားမင်မရှိရင်ပြိုလဲသွားမယ့်ကလေးပါ ။ ဒါကိုသားမင်လည်းသိလောက်မှာပါ ။ သားက သားမင်အပေါ်မှာ သံယောဇဉ်ကြီးလဲ ဆိုတာပေါ့ "

ကျောင်းပြီးတာနဲ့ထယ်ယောင်းက အန်ကယ်ရဲ့လုပ်ငန်းထဲကိုချက်ချင်း၀င်လေသည်။ " ဂျိုဆောင် " တက္ကသိုလ်ကပေးတဲ့ဘွဲ့က အခုလက်ရှိနဲ့ဆက်စပ်မူမရှိပေမဲ့ စီးပွားရေးဘက်မှာလည်း ထယ်ယောင်းက တော်ကာထက်မြက်လွန်းတယ်။  ကျောင်းကို အချိန်မှန် မတက်ပဲ စီးပွားရေးကို လေ့လာနေခဲ့တယ်ဆိုတာ သူနောက်မှာ သိရလေသည်။ ဒါကြောင့် နစ်အနည်းငယ်အတွင်းမှာ အောင်မြင်လာတာပေါ့။  ထယ်ယောင်းသည်" Kim " လုပ်ငန်းစုနဲ့လည်းမပူးပေါင်းသလို " Forever " လုပ်ငန်းစုရဲ့ ကမ်းလှမ်းချက်ကိုလည်း ပထမဆုံးပယ်ချထားတဲ့လုပ်ငန်းစုဖြစ်လေသည်။ ထယ်ယောင်းက ရှေ့နေ့ဖြစ်တာမို့ ဥပဒေနဲ့ စီးပွားရေးကိုတော့ ကွဲပြားအောင်လုပ်လေသည်။ ဥပဒေနဲ့မလွတ်ကင်းတာတော့ ဘာမှမလုပ်ပေ။  အရင်ကနဲ့မတူ တည်ငြိမ်လာပေမယ့် အရင်လိုပါပဲ ချစ်သူများနေ့ရောက်တိုင်း အလုပ်ကနေခွင့်ယူကာ သူနဲ့နစ်ယောက်ထဲ ဟန်မြစ်ကိုသွားစမြဲပဲ....။ ဒေစီပန်းတွေလည်း ယူလာစမြဲပါပဲ။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now