1.7K 224 6
                                    

" ကိုယ်မသိဘူး ယူရီ "

ခပ်အက်အက်အသံနဲ့ စို့နစ်ကာပြောလိုက်တဲ့စကား။

" မသိပဲနဲ့ ဒီပစ္စည်းတွေကဒီကိုဘယ်လိုရောက်နေရတာလဲ..?  "

ဂျီမင်တို့ရဲ့ အထည်ချုပ်စက်ရုံလေးမှာ တရား၀င်ခွင့်မပြုထားတဲ့နိင်ငံကအထည်အလိပ်တွေလည်း စစ်ဆေးရေးတွေလာတဲ့နေမှာ  တွေ့ရှိသွားလေသည်။ ထိုမျှသာမကသေး။ ကိုးရီးယားရဲ့ ထိပ်တန်းကုမ္ပဏီ "Forever "ရဲ့ အသစ်ထွက်လာမယ့် လျို့ဝှက်ဒီဇိုင်းတွေကို ဂျီမင်တို့အဖေက ခိုးယူခိုင်းထားပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရဲတွေရဲ့ဖမ်းခေါ်ချင်ကို ခံရလေသည်။ ရဲစခန်းမှာပဲရှိသေးတဲ့အနေအထားမို့ ဂျီမင်အမေကလည်း လာတွေ့လေသည်။

" နောက်ဆုံးတော့ ဒင်းကကျမတို့ဘ၀ပျတ် အောင်ထိကိုလုပ်ရက်တာပဲ "

ဂျီမင်အမေသည်ငိုလေသည်။ စက်ရုံမှာလည်းအလုပ်သမားတွေ အလုပ်ထွက်သွားသလို သူတို့နဲ့စပ်တူလုပ်ထားတဲ့ရှယ်ယာရှင်တွေလည်း ရှယ်ယာတွေကိုပြန်တောင်းနေလေသည်။ ရုတ်တရက်မြန်ဆန်လွန်းတဲ့အခြေအနေမှာ မင်ယူရီငိုယိုကလွဲရင်မတက်နိင်ပေ။  သက်သေခံပစ္စည်းတွေကလည်း  တစ်ခါထဲကို ပူးတွဲတွေ့ရှိခဲ့လေသည်။

" ယူရီ ကိုယ့်ကိုယုံတယ်မဟုတ်လား ?"

" ယုံတယ် ကိုယ်မလုပ်ဘူးဆိုတာ ယူရီယုံတယ်  ။ စိတ်မပူနဲ့နော် ယူရီအကောင်းဆုံးရှေ့နေ့ဌားပေးမှာ .."

" သားကော့ သားငယ်လေးကော့ "

" ဘေးအိမ်မှာအပ်ထားခဲ့တယ် "

" သားကို ဂရုစိုက်ပါယူရီ။ ပြီးတော့သားကြီး၀မ်းနည်းရသလို သားငယ်ကိုပါအဲလိုဖြစ် အောင်မလုပ်ပါနဲ့... "

" ကျမအတ္တကြီးမိသွားလား အကို...!! "

" အတ္တဆိုရင်တောင် သား‌ကြောင့်ဖြစ်တဲ့အတ္တမို့ဖြူစင်ပါတယ်။ ပြီးတော့ ကိုယ်တို့ဒီလိုဖြစ်အောင်လုပ်တဲ့လူကို ရှာပေးပါ.."

" မပူနဲ့ အကိုဒီမှာအကြာကြီးမနေစေရပါဘူး "

မင်ယူရီတစ်ယောက် အပြစ်ကင်းကြောင်း သက်သေလိုက်ရှာနေတုန်းမှာပဲ ဂျီမင်အဖေပတ်ချန်းဟိုတစ်ယောက် ထောင်ထဲကိုရောက်သွားနှင့်လေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now