၂၈

1.6K 235 34
                                    

"ဂေဟာအကြောင်းကိုပြန်လိုက်နေတာ ဘယ်လိုလဲဟိုဆော့ ...ထူးကော့ထူးရဲ့လား ? "

အချိန်ရရင်ဟိုဆော့နဲ့တွေ့ပြီး ဟိုဆော့ရဲ့ကိစ္စအတွက်ပါ ခေါင်းချင်းတိုက်ကာ ဆွေးနွေးဖြစ်၏။ သူ့ကိစ္စထက် ဟိုဆော့ကိစ္စကိုသာ ပိုအလေးပေးနေမိသည်။ 

" ဂွမ်ဂျုဆိုတဲ့လူတစ်ယောက်ပျောက်နေတယ်။ သူကအဲဂေဟာကအဓိကသော့ချက်ပဲ..." 

" သော့ချက် ...!!" 

နားမလည်သလိုမျက်လုံးတွေနဲ့ဟိုဆော့ကိုဂျီမင်ကြည့်လိုက်သည်။ 

" ငါတို့ရဲ့အကြောင်း ... ဂေဟာကလူတွေအကြောင်း... ပြီးတော့ အလှူရှင်တွေအကြောင်းကို သူပဲအသေးစိတ်ကအစသိတာ " 

"....."

" အစဖျောက်လိုက်တာလည်း ဖြစ်နိင်တယ် "

" ဘာစကား..!!"

မယုံသင်္ကာနဲ့ဂျီမင် ဟိုဆော့ကိုမေးသည်။
 " Soulmate"လုပ်ငန်းစုပိုင်တဲ့ဆိုင်မှာပဲ သူတို့နစ်ယောက်ကော်ဖီထိုင်သောက်နေကြတာဖြစ်သည်။ ဘာလိုဆို ဟိုဆော့အဖေဘက်ကလည်း ဟိုဆော့ကိုအလွတ်မပေးပေ။ သူနဲ့ဟိုဆော့ကိုခနခနတွဲသွားတွဲလာလုပ်နေရင် ရိပ်မိနိင်သည်။ သူက ထယ်ယောင်းနဲ့အတူအလုပ်လုပ်နေတာကြောင့် ပို၍တောင် သံသယ၀င်နိုင်သေးသည်။  အရင်ကတော့ ကျောင်းတက်နေကျလို့ တွေ့ဖြစ်ကျတာက မဆန်းပေမဲ့  တရားရေးဘက်ကို ဟိုဆော့က ကိုင်တွယ်နေပြီးဖြစ်တဲ့အချိန်မှာတော့ သူ့တို့ရဲ့တွေ့ဆုံမူကို သံသယဖြစ်လာနိုင်သည်။

" ဂွမ်ဂျုဆိုတဲ့လူက ငွေမက်တယ်။ ဒါကသူ့ကိုအဆိပ်ဖြစ်စေတာပဲ။ နိုင်ငံရေးလောကက
လူတွေကို ပိုက်ဆံနဲ့ပဲသွားချိန်းခြောက်ရင်တော့ မှားလိမ့်မယ်လေ မဟုတ်လား ...နိင်ငံရေးသမားတွေက မလုပ်ရဲတာ ဘာရှိလို့လဲ ?  " 

" မင်းအဖေဖြစ်နိင်လား..?" 

ချက်ချင်းပဲဂျီမင်ဒဲ့တိုးမေးလိုက်သည်။ ဟိုဆော့က ကော်ဖီကိုအရင်‌သောက်လိုက်ပြီး တော့မှာ ခေါင်းကိုခါသည်။ လူတွေသိပ်မသိလှတဲ့ဒီဂေဟာရဲ့နောက်ဆက်တွဲအကြောင်းက သိပ်ကိုတုန်လူပ်ချောက်ချားစရာသိပ်ကောင်းနေလို့...။ 

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now