၁၆

1.7K 238 27
                                    

ထိတ်လန့်ပြာယာသွားတဲ့ ထယ်ယောင်းမျက်လုံးတွေသည် ဘာအဓိပ္ပါယ်ကိုဖော်ဆောင်နေတယ်ဆိုတာ ကျွန်တော်မသိပေ။ ကျွန်တော်၏မျက်၀န်းတွေထဲမှာ မျက်ရည်တွေက ရစ်သိုင်းလာလို့လည်းဖြစ်ပါလိမ့်မည်။ ဒါမှမဟုတ် ကျွန်တော်ကသာ အမြင်မှားတာမျိုးလည်း ဖြစ်ပါလိမ့်မည်။

"မင်းမသိဖူး မဟုတ်လား ?"

ဘာစကားမှတစ်ခွန်းလေးတောင်မဆိုပဲ သူ့‌ရှေ့နားကိုလာကပ်တဲ့ ထယ်ယောင်းရင်ဘတ်ကိုရိုက်ပုတ်ရင်...

" မင်းသူငယ်ချင်းငါကလဲ ဂေးပဲ သိရဲ့လား ?"

ထယ်ယောင်းသည် သူ့ပုခုံးကိုဆုပ်ကိုင်ရင် သူ့မျက်လုံးကိုသေချာစိုက်ကြည့်ကာ အတည်ပြုလေသည်။ ဒါက ဘာကိုအတည်ပြုချင်နေတာလည်း သူမသိဘူး။ တစ်ဖက်မှာလည်း သူနှလုံးသားက ထယ်ယောင်းသူ့ကိုမုန်းသွားမှာ စိုးရိမ်နေသလို ဦးနှောက်ကတော့ စိတ်ဆိုးရန်သာ ဦးစားပေးနေလေသည်။

" အဲလိုမကြည့်နဲ့ ဂျီမင် ။ မင်းအကြည့်တွေပြင်လိုက် "

ထယ်ယောင်းသည် သူ့ရဲ့လက်မောင်းနစ်ဖက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ ထယ်ယောင်းရဲ့လက်ကိုဖယ်ထုတ်ရင်

" အဲတော့ ငါ့ကိုမင်းရွံလား ?"

" ဘာဆိုင်လို့လဲ ?"

" ဂေးမို့လေ ။ မင်းရွံစရာကောင်းတယ်လို့ပြောတဲ့ ဂေးတွေထဲက တစ်ယောက်မို့ "

" ငါက ဘာလိုရွံရမှာလဲ ? ။ မဟုတ်ဘူး ငါ့စကားမှားသွားတာ တောင်းပန်ပါတယ် မင်းအဲလိုကြီးတော့ငါ့ကိုမကြည့်နဲ့ "

" ဖယ်ပေး "

သူ့ရှေ့မှာ ပိတ်ရပ်နေသူအားတွန်းဖယ်ရင် သွားမလို့လုပ်တော့ ထယ်ယောင်းကအတင်းသူ့လက်ကိုလိုက်ဆွဲရင်

" ဘယ်လဲ ?"

" ပြန်မယ် လွှတ် "

" ငါနဲ့ပဲပြန် "

" မင်းကားမှာ ငါ့ကိုပေးစီးဖို့စိတ်သန့်လို့လား ?"

ထယ်ယောင်းတစ်ခွန်းဆို ဂျီမင်တစ်ခွန်းပြောလေသည်။ တောင်းပန်တိုးလျိုနေတဲ့မျက်နှာနဲ့ပြောနေတဲ့ထယ်ယောင်းနဲ့ အက်ရှနေတဲ့အသံနဲ့အတူ ရိူက်သံတွေပါရောနှောနေတဲ့ဂျီမင်တို့သည် တက္ကသိုလ်၀င်းထဲမှာပဲအချိန်အတော်တန်ကြာအောင်ထိ ရှိနေလေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now