2.7K 302 23
                                    

" Hi "

ကျွန်တော်တို့နစ်ယောက်စတင်တွေ့ဆုံခြင်းဟာ " Hi " ဆိုပြီး စကားနဲ့ကျွန်တော်ဘက်ကနေအရင်စတင်ခဲ့တာဖြစ်သည်။ ဆိုလ်းမြို့ကို ပြောင်းလာတော့ ကျွန်တော်အသက်5နစ်ကျော်‌လေးပဲရှိလေသည်။ နဂိုကတည်းက  ကျွန်တော်က ဖော်ရွေ့လွန်းတယ်လို အမေကပြောသည်။ ဆိုးလ်မြို့ကိုပြောင်းပြီး တစ်ရက်နစ်ရက်ပဲရှိသေး သူငယ်ချင်းအိမ်ကိုသွားလည်မယ်ဆိုပြီး ကျွန်တော်တို့မိသားစုလေးယောက်သွားခဲ့ကြသည်။ 

ပေနစ်ဆယ်လောက်မြင့်တဲ့  ခြံတံခါးသည် တော်တော်လေးကို လှပြီး အထဲ၀င်လိုက်ရင်တစ်ဖက်မှာ ရေကူးကန်ရှိပြီး တစ်ဖက်မှာလည်း  မြက်ခင်းတုတွေနဲ့ ဘက်စကတ်ဘော့ စ်ကစားတဲ့ နေရာလိုရှိနေလေသည်။ ထိုမှတစ်ဆင့် ရေကူးကန်ရဲ့မလှမ်းမကန်မှာ မြင်ရတဲ့ ပန်းမျိုးစုံတွေ ။ ပြီးတော့ ကျွန်တော်ဘေးသီကိုကြည့်မနေတော့ပဲ မျက်လုံးကိုတည့်တည့်ထားကာကြည့်လိုက်တဲ့အချိန်မှာ နန်းတော်သမျှ ခမ်းနားလှတဲ့ ခရမ်းရောင်ကို ဆေးသုတ်ထားတဲ့ သုံးထပ်တိုက်အိမ် ။ အရမ်းကိုမြင့်လွန်းလို အပေါ်ဆုံးထိကို  ကျွန်တော်မမြင်နိင်ခဲ့ဘူး။မာလီတွေ ခြံစောင့်တွေ ပြီးတော့ အိမ်ရဲ့ချက်ပြုတ်ရေးရာကိုတာ၀န်ယူထားကျတဲ့လူတွေ။ များပြားလှတဲ့လူတွေကြောင့် ကျွန်တော် TVထဲမှာ ကြည့်ဖူး‌တဲ့ အမေရိကန်နိင်ငံက "အိမ်ဖြူတော်"လိုတောင်ထင်မိသည်။

ခြံထဲမှာ ဆော့ကစားနေတဲ့ ကောင်လေးနစ်ယောက် ။ တစ်ယောက်ကကျွန်တော်နဲ့အသက်ရွယ်တူလိုထင်ရပြီး ကျန်တစ်‌ယောက်က ကျွန်တော်တို့ထက် 10နစ်လောက်ကြီးတယ်လိုထင်ရသည်။ နစ်ယောက်သား ဘက်စကတ်ဘော့စ်ဆော့နေတော့ ကျွန်တော်မျက်နှာတွေ သဘောကျနေမှာသေချာသည်။ ဘာလိုဆို ကျွန်‌  တော်လည်း ဘက်စကတ်ဘော့စ်ကစားရတာကိုလွန်စွာသဘောကျ‌လေသည်။ အမေ့လက်ကိုဆွဲထားတဲ့ကျွန်တော်ရဲ့လက်ကိုဖြုတ်ပစ်ပြီး အပြေးကလေးနဲ့ ဘက်စကတ်ဘောစ့်ဆော့နေတဲ့လူနစ်ယောက်နားကို ပြေးသွားကာ ကျွန်တော့်ရဲ့အကျင့်အတိုင်း မျက်နှာမှိတ်အောင်ထိပြုံးပြလိုက်ပြီး ကျွန်တော်ရဲ့အစ်ကိုကြီးဆီက ခက်ခက်ခဲခဲနဲ့သင်ထားမိတဲ့ " Hi " ဆိုတဲ့ အင်္ဂလိပ်စကာလေးနဲ့ နူတ်ဆက်လိုက်သည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now