Extra

1.7K 164 7
                                    







" အတူလိုက်ပေးရမလား ..?"

ဒီနေ့ မောင်သည် မောင့်ရဲ့မာမီကိုထောင်၀င်စာ သွားတွေ့မှာဖြစ်လေသည်။ ‌သူသည် မနက်အစောကြီးထကာ မောင့်ရဲ့မာမီစားဖို့ ချက်ပြုတ်ပေးမိလေသည်။ နက်တိုင်စီးနေသူကို ဂျီမင်ဝိုင်းကူလိုက်လေသည်။ အနက်ရောင် suit နဲ့ဆိုပေမဲ့ အထဲခံကို အဖြူရောင်၀တ်ထားလေသည်။

" မလိုက်နဲ့တော့ ပင်ပန်းမယ် .."

တကယ်တော့ ထယ်ယောင်းဂျီမင့်ကို အားနာတာဖြစ်လေသည်။  သူတို့မိသားစုက ဂျီမင်တို့အပေါ်မှာ တော်တော်လေး လွန်းကျုးထားခဲ့ကျတယ် မဟုတ်လား ..? ။


" အမေ့ကို ကောင်းကောင်းဆက်ဆံရမယ်နော် .."

" အင်း ..."

" အိမ်ပြန်ရောက်ရင် ဖုန်းဆက်နော် .."

" အင်း .."



နူတ်ခမ်းတလူပ်လူပ်နဲ့  သူ့မျက်စိရှေ့မှာ မြင်နေရတော့ ထယ်ယောင်းအသဲယားနေလေသည်။ ရှေ့နေတွေထဲမှာ ဒီရှေ့နေလေးက မဟားတရားချစ်ဖို့ကောင်းလွန်းသည်။ ထယ်ယောင်း လက်ညိုးနဲ့ ဂျီမင့်ရဲ့ မေးဖျားလေးကို ပင့်လိုက်ရင်

ပြွတ် ..ခနဲ့မြည်အောင် နူတ်ခမ်းလေးကို ငုံ့နမ်းလိုက်သည်။

" ဟင်..."

သူ့အားပြန်တွန်းလေသည်။ အနမ်းချင်းခွာလိုက်ပေမဲ့ ထယ်ယောင်းသည် ဂျီမင့်ရဲ့ကိုယ်လေးကို ပွေ့ဖက်လိုက်ရင် ...

" အဖွား‌‌ကိုရော ...သွားမတွေ့ဘူးလား ..?"

" မတွေ့ဘူး .."

" ငါ့ကြောင့်မတွေ့ပဲ မနေရဘူးနော် ...မောင်လုပ်ချင်တာ အလုပ်လုပ် ..မောင်ဘာပဲလုပ်လုပ် ငါက ခွင့်ပြုမှာ .."

" မတွေ့ချင်သေးဘူး ..မောင်သူ့ကိုမတွေ့ချင်သေးဘူး "
" အင်း ...မောင်တွေ့ချင်တဲ့အချိန်ရောက်ရင် သွားတွေ့လိုက်နော် .. မောင့်အဖွားက မောင့်ကိုတွေ့ချင်နေတာ .."

မောင့်ဘက်က ဘာမှမပြောပဲ တိတ်ဆိတ်၍သာ နေနေလေသည်။ မောင့်ရဲ့ခါးလေးကို သူပွေ့ဖက်လိုက်ရင် ...

" ညနေ့ကျရင် ချိန်းတွေ့ကြမလား ..?"

ထယ်ယောင်းကမေးတော့ ဂျီမင်က ရင်ခွင်ထဲကနေ မော့ကြည့်ရင်

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Место, где живут истории. Откройте их для себя