၃၄

1.7K 245 94
                                    

" ဘာလို့ကိုယ်တိုင်သွားမပေးတာလဲ ?"

ဟိုဆော့သည်အခန်းပြင်မှာရှိနေသည့်ထယ်ယောင်းကိုပြောလိုက်ချင်သာဖြစ်သည်။ ထယ်ယောင်းသည်ဆေးရုံကိုနေ့တိုင်းနီးပါးလာပေမယ့် ဂျီမင်ကိုတော့၀င်မတွေ့ပါ။ အခန်းရှေ့ကနေအကြာကြီးနေကာ ပြန်ပြန်သွားတက်၏။ တံခါးခပ်ဟဟကနေ ထယ်ယောင်းသည်ဂျီမင်ကိုကြည့်နေလေသည်။

" ဂျီမင်က မင်းကိုမျှော်နေတာ "

ဒါတော့ ထယ်ယောင်းသိအောင်ပြောရမည်ဖြစ်လေသည်။ ဘာစိတ်ကူးပေါက်ပြီးလက်ထပ်ဖို့ကိစ္စကို ချက်ချင်းလက်ငင်းစီစဉ်ရလည်း‌ဆိုတာမသိပေမဲ့ ထယ်ယောင်းပုံကြည့်ရတာလည်း စိတ်ပါလို့လက်ခံခဲ့ပုံလည်းမရချေ။ ထယ်ယောင်း ဘာတွေကိုလုပ်လိုက်တာလဲ ?။

" သူ့ကိုဂရုစိုက်ပေးပါ "

" အဲ့တာမင်းပြောစရာမလိုဘူး။ ငါသိချင်တာက မင်းဘာလို့  လက်ထပ်တဲ့ကိစ္စကိုအလောတကြီးစီစဉ်လိုက်ရတာလဲ"

ထယ်ယောင်းကမဖြေပါ။ ထယ်ယောင်းက ဘယ်တော့ကမှ သူပြောတာကိုအရေးစိုက်တဲ့လူတော့မဟုတ်ပေ။ သို့ပေမယ့် လမ်းဆုံးတစ်ခုကိုမြင်နေရတဲ့အဆုံးသတ်ကို သူတွေ့နေရပြီးပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ပါရက်နဲ့ ဘာလို့ဝေးသွားရတာလဲ ? ။ ထယ်ယောင်းပုံကလည်းအခုတစ်လော အရင်ကနဲ့မတူပေ။ ချောင်ချသွားတဲ့မျက်နှာနဲ့ ညိုနေတဲ့မျက်တွင်းတွေက ထင်ရှားလာလေသည်။

" မင်းကော့ ..မင်းကော့ငါ့အခြေအနေ‌ကိုကြုံလာရရင် ငါလို့ပဲဆုံးဖြတ်လိမ့်မယ် "

ထယ်ယောင်းရဲ့စကားကြောင့်ဟိုဆော့နားမလည်ပေ။ထိုစဉ် သူ့အိပ်ကပ်ထဲကနေဖုန်းကမြည်လာလေသည်။ ဖုန်းခေါ်တဲ့လူက အခြားလူမဟုတ် အဖေဖြစ်နေလေသည်။  ချက်ချင်းကိုဖုန်းကိုင်လိုက်လေသည်။

[" ဟဲလို အဖေ " ]

[ " အခုအိမ်ပြန်လာခဲ့ " ]ပြောကာ တစ်ဖက်ကဖုန်းကိုအရင်ချလိုက်လေသည်။ ဟိုဆော့သည် ခေါင်းကြီးနေလေသည်။ ပြသာနာတွေက သူကိုယ်တိုင်လည်းရှိတယ်မဟုတ်လား ?. ။ဟိုဆော့သည် ထယ်ယောင်းကိုတောင် နူတ်မဆက်ပဲ ပြန်ခဲ့လိုက်လေသည်။

ထယ်ယောင်းကတော့ အခန်းရှေ့မှာပဲအကြာကြီးရပ်ကာကြည့်နေမိဆဲ။ ဖိတ်စာလေးကို ကိုင်ကာငိုနေတဲ့လူကို ကြည့်နေရင် ပြေးဖက်ချင်စိတ်ကတစ်ဖွားဖွား ။ ငိုထားလို့ နီရဲနေတဲ့မျက်နှာလေးကို ခပ်ဖွဖွလေးကိုင်ပြီးတောင်းပန်လိုက်ချင်တယ်။ ပြီးတော့ မျက်ရည်လေးကိုသုတ်ပေးပြီးအနမ်းဖွဖွလေးပေးချင်မိသည်။ တကယ်လက်တွေ့တော့ ဒီအတိုင်းရပ်ကြည့်နေယုံအပြင် မတက်နိင်ခဲ့ပေ။သွားပြေးတွေ့လို့ ငိုနေတဲ့လူက မေးလာတဲ့စကားတွေကို ဖြေနိင်မှာမဟုတ်တာကြောင့် သွားမတွေ့ရဲပေ။"   ဒီတစ်ရက်ပြီးရင်တော့မောင့်ကြောင့်မငိုပါနဲ့တော့ကွာ "။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now