2K 258 10
                                    

" မင်...ငါ့ခါးကိုသေချာဖက်ထားလေ.. " 

ထယ်ယောင်းအနောက်ကနေ စက်ဘီးကိုလိုက်စီးရမယ်ဆိုတော့ ဂျီမင်မျက်နှာရူတ်မဲ့နေလေသည်။ ဂျီမင်တစ်ယောက်အနောက်ကနေ စက်ဘီးလိုက်စီးချင်တာမဟုတ်ပဲ နင်းတက်ချင်တာ။ ဒါကိုထယ်ယောင်းက သိသိရက်နဲ့ပေးမစီးပဲ အနောက်ကနေပဲစီးခိုင်း နေတာ။  ကျောင်းပိတ်ရက်ရတုန်း ထယ်ယောင်းနဲ့အမြဲအတူရှိနေကျတာဖြစ်လေသည်။ ရင်းနှီးမူက  တော်တော်ကြာလာတော့ ထယ်ယောင်းက ဂျီမင်အကြောင်းကို ကောင်းကောင်းသိလာလေသည်။ ဂျီမင်ကအမြဲတမ်း ထယ်ယောင်းနဲ့ပတ်သက်လာရင် အလျှော့ပေးတက်သည်။ ဒါက ဂျီမင်မိဘတွေလည်း သင်ပေးထားတာမဟုတ်သလို ထယ်ယောင်းကလည်း အ လျှော့ပေးခိုင်းတာလည်း မဟုတ်ချေ။ ဂျီမင်ကိုယ်တိုင်ကိုက စိတ်အလိုကျအလျှော့ပေးချင်သာ ဖြစ် လေသည်။ 

" ငါစီးတက်ချင်လိုပါဆို... "

ခြံထဲမှာပဲ ထယ်ယောင်းမာမီကတော့ စီးခိုင်းတာကို နစ်ယောက်သားအပြင်ခိုးထွက်ပြီး စက်ဘီးလိုက်နင်းချင်သာဖြစ်လေသည်။ အသက်  ကျောင်းတက်နေတဲ့အရွယ် ရောက်ပြီးမို့ အရာရာကို စူးစမ်းချင်စိတ်ကများလေသည်။ ထယ့်ယောင်းမာမီက ထယ်ယောင်းအပြင်ထွက်တာမကြိုက်လို့ ဂျီမင်တစ်ယောက်ကိုတော့ အိမ်ကိုတံခါးမရှိဓားမရှိ ၀င်ထွက်ခွင့်ပေးထားလေသည်။

" ငါစီးတက်ရင်ရပြီးလေ။ မင်းကဘာလို စီးတက်ချင်နေရတာလဲ... ?"

အရှေ့ကနင်းနေရင်နဲ့ ခေါင်းနောက်လှည့်ကာ ဂျီမင်ကိုအော်ပြော‌လိုက်လေသည်။

" ဟွန်း" လိုဆိုပြီး နှာခေါင်းလေးတွန့်လိုက်ယုံမှာအပ ဂျီမင်တစ်ယောက် ဘာအသံမှထွက်မလာတော့ချေ။ထယ်ယောင်းကလွဲရင် သူငယ်ချင်းမရှိဘူးဆိုတာလည်း ဂျီမင်သိသည်။  အတန်းဖော်တွေနဲ့ ကျောင်းချိန်ကလွဲရင် မခေါ်မပြောရတာမို့ ထယ်ယောင်းက ဂျီမင်အတွက် တစ်ဦးတည်းသော ကစားဖော်။  ဒါပေမဲ့ ထယ်ယောင်းနဲ့အတူရှိတဲ့အချိန်တိုင်း ဂျီမင်ပျော်လေသည်။

" ဒိုင်‌နို .."

အရှေ့ကနင်းနေတဲ့ထယ်ယောင်းရဲ့ ခါးနားကာ အင်္ကျီစလေးကို ကျစ်ကျစ်ပါအောင်ကိုင်ထားလေသည်။ ထယ်ယောင်းက စက်ဘီးကိုအမြန်နင်းနေတာမို့ ပြုတ်ကျမှာဆိုးလို ကိုင်ထားချင်သာ....။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now