၁၅

1.7K 223 20
                                    

" Good morning "

" ဟင့ .."

သူ့ကုတင်လေးအိကျသွားအောင်ကို ထယ်ယောင်းကထိုင်ချပစ်လိုက်သည်။ သူ့ရဲ့အိမ်မက်မက်နေခြင်းတွေဟာ ထယ်ယောင်းကြောင့်ဘယ်ရောက်လို့ ရောက်မှန်းမသိ ကြက်ပျောက်ဌက်ပျောက် ပျောက်ကုန်ပြီးလန့်နိုးသွားလေသည်။ ထယ်ယောင်းသည်သူ့၏ပါးကိုဆွဲကာ

" အိပ်နေတုန်းလား ?"

" ဘယ်နှနာရီရှိပြီးလို့လဲ ?"

စာပွဲပေါ်ကဖုန်းကထဖွင့်ကာကြည့်လိုက်တော့ ဂျီမင်မျက်ခုံးတန်းစုကြုပ်သွားလေသည်။ မနက်5နာရီပဲရှိသေးတာလေ ။ ဒီအချိန်ကြီးသူ့အိမ်လာပြီးဘာလာလုပ်တာလဲ ?။ ဘာလဲ ရည်းစားနဲ့ပျတ်သွားလိုလား ?။ အိုယိုဂျင်းက ပျတ်မှမဟုတ်ပေ။ ထယ်ယောင်းကိုလွန်စွာချစ်လေသည်။ ဒါဆို ဒီအချိန်ကြီး သူ့အိမ်မှာ ဘာအရူးလာထတာလဲ ?။ အိမ်သော့ကိုပေးထားတယ်ဆိုတိုင်း လာချင်တိုင်းကိုလာနေတော့တာပဲ။ သော့မပေးထားတုန်းကလည်း တံခါးကိုဝုန်းဒုန်းထုပြီး ထွက်မလာမချင်း ခေါ် နေတက်တာ။

" မနက်5နာရီတောင်ရှိသွားပြီးလေ။ ထ ..ငါ့အတွက်မနက်စာပြင်ပေး"

" ဘာအရူးလာထနေတာလဲ ကင်မ်ထယ်ယောင်း ။ မနက်စာစားချင်ရင် မင်းဟာမင်းအိမ်ကစားလာလို့ရတာကို ငါ့အိမ်ထိလာပြီးစားမှရမှာလား ?"

အထက်တန်းကျောင်းအောင်ပြီးကတည်းက တီတီသည်သူနှင့်မနေတော့ပေ။ " ဂျိုဆောင် " တက္ကသိုလ် တက်ခွင့်ရဖို့ပဲ သူအရမ်း၀မ်းသာခဲ့‌ပေမဲ့သိပ်တော့ကြာကြာမပျော်လိုက်ရပါ။  တီတီကတော့၀င်ခွင့်ရဖို့အတွက်  အစွမ်းကုန်ကြိုးစားပေးခဲ့လေသည်။ အဲထဲမှာမှတီတီသည် ပိုက်ဆံပါချေးဌားခဲ့တယ်ဆိုတာ
" ဂျိုဆောင် " တက္ကသိုလ်ကို စတက်တဲ့နေ့မှာ စသိခဲ့လေသည်။ ထိုလူက အခြားလူမဟုတ်ပေ။ ထယ်ယောင်းရဲ့အမေပင်ဖြစ်လေသည်။ ရေစက်က ဘယ်လောက်တောင်ပါလိုက်သလဲ ? ။ သူသိပြီးတဲ့‌နောက်မှ မတက်တော့ဘူးလို လုပ်ပေမဲ့ တီတီကအတင်းတားကာ  ကျောင်းပြီးရင် ဒီပိုက်ဆံတွေကိုပြန်ဆပ်လို့ရတယ်ဆိုပြီးပြောလေသည်။ တီတီသည်အပြစ်ရှိသလိုတစ်ယောက်လို တိုးလျိုတောင်းပန်နေတာကြောင့် သူ့ဘက်က စိတ် လျှော့လိုက်ရလေသည်။ ကျောင်းတက်ရင် အလုပ်လုပ်ဖို့ပဲ သူ့မှာစဉ်းစားရတော့သည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now