1.7K 222 16
                                    

" လက်ကိုသေချာဆန့်ထားလေ မင်းကလဲ .."

ဒီ‌‌ကျောင်းရဲ့မြားပစ်တဲ့နေရာမှာ ကင်မ်ထယ်ယောင်းကလက်အဖြောင့်ဆုံးလို့ ပြောလိုရချေသည်။ဒါပေမယ့် ဘယ်တုန်းကမှ အခြားကျောင်းကကျောင်းသားတွေနဲ့မပြိုင်ချေ။ ဒီကျောင်းမှာ  ကင်မ်ထယ်ယောင်းထက်တော်တဲ့လူလည်းမရှိချေ။ ဒါကို ဝူယောင်းသိသည်။ ကင်မ်ထယ်ယောင်းအခန်းရှေ့ထိလာခေါ်ကတည်းက သူသိလိုက်လေသည်။ အခုတော့ ဘတ်စကပ်ဘောစ့်အခန်းထဲမှာ သူနဲ့ထယ်ယောင်းသာရှိလေသည်။ နောက်ထပ် လေးကိုတင်ကာပစ်မလိုလုပ်တော့

" တောင်းပန်ပါတယ် ထယ်ယောင်း။ ငါမရည်ရွယ်ပါဘူး "

ရုပ်ရှင်ကားတွေထဲကလိုလူသတ်သမားတစ်ယောက်လို တည်ငြိမ်ကာအေးစက်နေတဲ့မျက်နှာအသွင်အပြင်။ ပြီးတော့ တည်ငြိမ်တဲ့အသံဖြစ်ပေမဲ့ ဒေါသထွက်နေတာမှန်း ဝူယောင်းရိပ်စားမိသည်။ ထယ်ယောင်း ဘာလိုဒေါသဒီလောက်ထွက်နေမှန်းမသိပေ။  လက်နစ်ဖက်ဆန့်တက်ထားတာမို့ လက်ဖဝါးနစ်ဖက်မှာ ပန်းသီးကိုတင်ထားလေသည်။ ဒါပေမယ့် ပထမတစ်ချက်တည်းနဲ့တင် ထယ်ယောင်းက တမင်ကို သူ့ရဲ့လက်အစွန်းအနားကိုသာရွေးပစ်လေသည်။ မသိရင် မြားစွန်းနဲ့လက်ကိုဆွဲခြစ်သွားသလိုပဲ။

" မင်းမလုပ်ခင်ကတည်းက သိရမှာလေ.. "

" နောက်တစ်ခါမဖြစ်စေရဘူး ထယ်ယောင်း ငါအသက်နဲ့ရင်းပြီးအာမခံတယ်.. "

" မင်းလိုကောင်ကလေ ခွေးမြီးကောက်ခြေထောက်စွပ်ပဲ။ မစို့မဖို့အာဏာလေးကို မင်းအဖေရထားယုံနဲ့ မင်းကြိုက်တာလုပ်ခွင့်ရှိတယ်လိုထင်နေတာလားဟင့် ...နောက်ပြီး ငါ့ကိုထိတာထက် သူ့ကိုထိလိုမင်းကို ဆုတ်ပြတ်သတ်အောင်လုပ်ပစ်ချင်တာ ။ ပြောစမ်းပါအုံး မင်းဘ‌ယ်လိုသတ္တိနဲ့များသူ့ကိုထိရဲတာလဲ ဟင့် ... "

ထယ်ယောင်းကပြောလည်းပြော လက်ကလည်း နောက်တစ်ခါထပ်ပစ်ဖို့လုပ်နေလေသည်။ ဝူယောင်းသည် ခြေထောက်လည်းတုန်ယင်လာသလို လက်နစ်ဖက်ရဲ့အစွန်းနားမှာသွေးတွေကလည်း ပေနေသလို ကြမ်းပြင်ပေါ်ကို ကျတောင်ကျနေလေသည်။ ဝူယောင်းသည်ကင်မ်ထယ်ယောင်းထက် ပိုအကောင်ကြီးပေမယ့် ကင်မ့်ထယ်ယောင်းကိုမတွန်းလှန်နိုင်ခြင်းမှာ ကင်မ်ထယ်ယောင်းတို့မိသားစုက ဝူယောင်းရဲ့အဖေ ရဲမှူးချုပ် နေရာကိုဖြစ်အောင် အဓိကထောက်ပံ့ပေးထားတဲ့ မိသားစုဖြစ်လို့ပဲ။ ဒါ့ကြောင့်ဝူယောင်းတို့အဖေကော့ဝူယောင်းကော့ပါ ထယ်ယောင်းတို့မိသားစုအောက်မှာ ပြားပြား၀ပ်နေရလေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now