၃၂

1.7K 239 54
                                    

" မိန်းမလို ၀တ်ရမယ် ..!! ဂျောင်ဟိုဆော့ မင်းရူးနေတာလား... ?"

ဂျောင်ဟိုဆော့သည် ' Forever ' ရဲ့ ဘားထြ၀င်ဖို့က သူမိန်းခလေးလို၀တ်ရမယ်တဲ့။ ဒီဂျောင်ဟိုဆော့ရူးသွားတာလား ? ။ အင်္ကျီဆိုအမြဲအပွပဲ၀တ်တက်တဲ့သူလို လူကိုမှာ။ တွေးကြည့်ယုံနဲ့တင် ကြက်သီးထားမိတယ်။

" မင်းပဲ၀င်လို့ရအောင်လုပ်ပေးဆိုလိုလေ ။ ပြီးတော့ မင်းသွားရှာမယ့်လူက မိန်းမတွေကိုတအားကြိုက်တာကို... "

ဂျောင်ဟိုဆော့က စိတ်အေးလက်အေးနဲ့ပြောနိင်ပေမယ့် ဂျီမင်ကတော့ စိတ်အေးလက်အေးနဲ့နားမထောင်နိင်ပါ။ ညာဘက်လက်နဲ့ ဂျီမင်တစ်ယောက် ဆံပင်တွေကိုထိုးဖွလိုက်သည်။ ဂျောင်ဟိုဆော့ကတော့ သူကို ' ဘာလုပ်မလဲ ' ဆိုတဲ့မျက်လုံးတွေနဲ့ကြည့်၏။

" မိန်းခလေးလို၀တ်ဖို့ကလွဲရင် ကြိုက်တာပြော "

" ရော့ "

ဟိုဆော့သည်ဂျီမင်ရဲ့အရှေ့ကို ကဒ်ပြားနစ်ခုပစ်ထုတ်ပေးလိုက်သည်။ ဂျီမင်သည်ကောက်ယူကာ ကြည့်လိုက်လေသည်။ ထိုကဒ်ပြားတွင် ယောင်္ကျားကြီးတစ်ဦးရဲ့နာမည်ဖြစ်ပြီး ကျန်တစ်ကဒ်မှာ မိန်းခလေးနာမည်ဖြစ်လေသည်။ ဒီကဒ်သည် 'Forever ' ကလူတွေနဲ့ ' Kim ' လုပ်ငန်းစုရဲ့ ရှယ်ယာရှင်တွေနဲ့မိတ်ဖက်ပါတနာတွေသာ ကိုင်ခွင့်ရတဲ့ကဒ်ပြားဖြစ်သည်။ မီဒီယာတွေ အမြဲသိချင်နေခဲ့တဲ့ ' Forever ' လုပ်ငန်းစုရဲ့ဘားအကြောင်း ...။ သိုသိပ်လွန်းတဲ့ ဘား ...။

" ဟန်ဂျီဆောင်း..."

" ဟန်ဂျီဆောင်း...!!"

အတွေးထဲမှာ ဖြတ်ခနဲ့၀င်သွားတဲ့အတွေးသည် ဟန်ဂျီဆောင်းဖြစ်လေသည်။ ဟန်ဂျီဆောင်းသည် သူ့ဘဲကိုအခြားတစ်ယောက်နဲ့တွဲနေတယ်လိုထင်လို့ မိန်းခလေးလို၀တ်ပြီး အနောက်ကနေလိုက်ဖူးတယ်လို့ သူ့ကိုပြောဖူးလေသည်။ အဲတော့ ဟန်ဂျီဆောင်းကိုမိန်းခလေးလို ထပ်၀တ်ခိုင်း‌ရင်ကော့...။ ပြောရရင် ဟန်ဂျီဆောင်းက မိန်းခလေးလိုကိုလှတာ။ လက်ချောင်းလေးတွေ  ညှပ်ရိုးလေးတွေအစ မိန်းမကိုဆန်တာ။ ယောင်္ကျားတစ်ယောက်က မိန်းမလိုလှတာမျိုးပေါ့။

" ဘာလုပ်မလို့လဲ ?"

" အကူအညီတောင်းမလို့.. "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now