" ဟူး ..."
အသက်ပြင်းပြင်းရူပြီးလေကိုမူတ်ထုတ်လိုက်လေသည်။ ဘယ်တုန်းကမှ ကျွန်တော့်ကိုအဖေကထောင်၀င်စာလာမတွေ့ခိုင်းပါ။ အသက်ဆယ်ရှစ်နစ်ပြည့်ပြီးမို့ တီတီကတစ်ဆင့်ချိန်းခြောက်ကာပြောခိုင်းတဲ့စကားက အရာရောက်ပုံရချေသည်။ နောက်ဆုံးတော့အဖေကတွေ့ခွင့်ပေးလေသည်။ ကျွန်တော်ငယ်ငယ်ကနောက်ဆုံးတွေ့ခဲ့တဲ့ ပုံစံနဲ့ အဖေက အခုလက်ရှိမှာနည်းနည်းမှမတူတော့ချေ။ ပြောရရင် အဖေကအရမ်းပင်ပန်းနေတဲ့ပုံပေါက်နေလေသည်။ ဒီလိုကြီးအဖေ့ကိုမြင်ရပြန်တော့လည်း ၀မ်းနည်းမူတွေက နှလုံးသားထဲမှာအလုံးအရင်းလိုက် ၀င်ရောက်လာလေသည်။ မျက်၀န်းအိမ်ထဲကနေကျဆင်းလာတော့မယ့် မျက်ရည်တွေကိုထိန်းလိုက်ရင် အရှေ့မှာရှိနေတဲ့အဖေ့ရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။
" အဖေနေကောင်းလား ...?"
အဖေအသက်အရွယ်နဲ့ဆိုဒီလောက်ထိ ရုပ်မကျသေးသင့်ပါ။ အမြဲတမ်းတစ်ပြုံးပြုံးနဲ့အေးချမ်းတဲ့မျက်နှာလေးနဲ့ ကြည်လင်နေတက်တဲ့အဖေက အခုတော့ ညိုးငယ်ပြီးနွမ်းလျနေတာ။ ဒါ့ကြောင့်အဖေက ကျွန်တော့်ကို မတွေ့ခိုင်းတာနေမှာ။
" ကောင်းတယ် သား ။ အဖေ့သားက အကောင်ကြီးပြီးထွားလာလိုက်တာ။ ကြည့်စမ်းပါအုံး သားကလူချောလေးပဲ... "
အဖေက ကျွန်တော့်၏ပါးကိုလက်ဖဝါးနဲ့ပွတ်သက်နေလေသည်။ အဖေသည်မကြာခင်လွတ်လာတော့မည်ဖြစ်လေသည်။ ထောင်ထဲမှာလည်း အဖေကစံပြအကျဉ်းသားဖြစ်ပြီး နိုင်ငံတော်ကပေးတဲ့လွတ်ငြိမ်းချမ်းခွင့်ထဲမှာ အဖေကထိပ်ဆုံးကပါနေလေသည်။
" အဖေ့အတွက်စားစရာတွေပါလာတယ် "
စာပွဲပေါ်မှာစားစရာတွေချပေးလိုက်သည်။ ပုံမှန်ဆို ထောင်မှာဧည့်တွေ့ချိန်သိပ်တော့မရပေမဲ့ ပိုက်ဆံပေးရင်တော့လည်းအချိန်က ရတယ်မဟုတ်လား ?။ ကိုးရီးယားစီးရီးတွေထဲမှာပြတဲ့ ထောင်ထဲကလာဘ်စားမူတွေသည် ရုပ်ရှင်ပဲမဟုတ်ပဲအပြင်မှာလည်းထိုသို့အခြေအနေပဲရှိနေချေသည်။ ဒါကိုကြိုသိတာမို့ ကျွန်တော့်ရဲ့အချိန်ပိုင်းလုပ်အားခကို ဒီအတွက်သုံးပစ်ခဲ့သည်။
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။