🚨 ၂၁ 🚨

3.1K 249 20
                                    

" ကိုကို ..ဒါလေးသွားပြောမိတာကို ဘာလို့အဲ့လောက်တောင်စိတ်ဆိုးနေရတာလဲ ?"

နိုရာနားမလည်နိင်ပါ။ ကိုယ့်ချစ်သူကို ကိုယ်စိတ်ပူလိုလေ။ ကမ္ဘာပေါ်မှာ ရှိတဲ့မိန်းမတိုင်းကို‌မေးကြည့် ချစ်သူထက်သူငယ်ချင်းကို ပိုအရေးပေးနေတာကို သဘောကျလားလို့... ကျေနပ်နေရဲ့လားလို့။ သေချာတယ် ဘယ်မိန်းမမှ သဘောကျမှာမဟုတ်ပေ။ သူလည်းအဲမိန်းမတွေထဲကတစ်ယောက်ပဲလေ ။ ကိုယ့်ချစ်သူက ကိုယ်ကိုအခြားလူတွေထက်အရေးပေးတာကိုပဲ လိုချင်တယ်။ အဲတာအတ္တဆို ချစ်မိလို့ဖြစ်တဲ့အတ္တတစ်ခုပဲ။

" ဒါလေးသွားပြောမိတယ်ဟုတ်လား..အဲလိုပြောရအောင် မင်းကဘာမို့လို့လဲ ?"

" ကိုကို ....နိုရာက ကိုကို့ချစ်သူနော် ...ဘာလိုနိုရာကပြောခွင့်မရှိရမှာလဲ ?"

ပြသာနာက ကိုကိုနေတဲ့နေရာကိုနိုရာလိုက်သွားမိတာနဲ့စတာပဲ။ တစ်ပတ်လောက်နိုရာကို အဆက်အသွယ်မလုပ်ပဲနေနိင်သူကို နိရာလာတွေ့တာပဲ။ အခုတော့ သူငယ်ချင်းကိုထိလို ့လူကိုပြန်ပြောတာ ကြားမကောင်းအောင်ပြောနေတာပဲ။

" ဘယ်သူပေးလို့လဲ ...ငါက မင်းကိုအဲလိုအခွင့်အရေးပေးမိလို့လား....နောက်တစ်ခါ သူ့ကိုသွားတွေ့မယ်ဆိုရင် ငါ့အဆိုးမဆိုးနဲ့ "

ကိုကိုက နိုရာကိုကြည့်တဲ့မျက်၀န်းတွေသည်
ကြောက်စရာကောင်းလှသည်။ နိုရာနားမလည်တော့ပေ။ ကိုကိုအကြောင်းကို နိုရာလေ့လာထားတာ မှန်တယ် ပတ်ဂျီမင်တဲ့လူနဲ့ပတ်သက်ရင်ကိုကိုက တစ်လောကလုံးနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရ ပုံစံမျိုးနဲ့။ ကိုကို ရင်ထဲမှာကော့ ပတ်ဂျီမင်ဆိုတဲ့လူနဲ့ပတ်သက်ရင် ဘယ်လောက်ထိ နက်ရိူင်းနေပြီးလဲ ..?"။ ကိုကိုက ပတ်ဂျီမင်ဆိုတဲ့ လူကို

" ဒါဆို ကိုကိုကော့သူနဲ့မတွေ့ပဲနေပေးလေ "

အခန်းထဲကနေထွက်မလိုလုပ်နေတဲ့ကိုကို့ကို နိုရာလှမ်းပြောလိုက်တာ ဖြစ်သည်။ ထိုအခါ ကိုကိုကနိရာဘက် ပြန်လှည့်လာရင်

" ငါက မင်းနဲ့ပဲမတွေ့ပဲနေလို့ရမယ်..သူနဲ့တော့ မတွေ့ပဲနေလိုမရဘူး ။ ဒါကြောင့်မို့ ငါနဲ့တွဲချင်ရင် ပါးစပ်ပေါက်ကိုပိတ်ပြီး တိတ်တိတ်လေးပဲနေ.. "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now