၃၆

1.9K 255 59
                                    

  ဂျီမင်အခန်းထဲကထွက်သွားပြီးတော့ အချိန်အတော်တန်ကြာအောင် ရပ်နေမိသည်။ ဘာကြောင့် ပြန်ဆွဲထားမိသလဲမသိသလို...တကယ်စွန့်လွှတ်ရတော့မယ်ဆိုတဲ့အတွေးနဲ့တင် မနေ့ညကတည်းက ရူးချင်နေလေသည်။  မင်္ဂလာပွဲကိုလည်း စိတ်မပါသလို ဟိုတယ်ခန်းကနေပဲ အောက်ကိုခုန်ချလိုက်ချင်တော့တယ်။ မပြောဘူးလို့ ထိန်းထားသမျှ ဒီလူကိုမြင်ရင် ပြောပြချင်နေခဲ့တယ်။ အခုတော့လည်း ဘယ်သူမှ အကျိုးမရှိချေ။ ပြသာနာက ဒီနေ့အပြီးရှင်းနိုင်ပါမလား ? ။

" မျက်နှာကိုပြုံးထားရင်ကောင်းမယ်လို့ ကိုယ်ထင်တယ် "

တစ်ဖက်က သတို့သမီးကိုလက်စွပ်စွပ်ပေးတဲ့အချိန်ထိ သူ့စိတ်က အနောက်ဝိုင်းက ဂျီမင်ဆီကိုပဲ စိတ်ရောက်နေလေသည်။ ခနခန လှမ်းလှမ်းကြည့်မိပေမယ့် အခြားသူတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့ရ၏။ မတော်တဆမျက်လုံးချင်းဆုံသွားကျရင် ဂျီမင်ဘက်က အရင်အကြည့်လွှဲသွားလေသည်။ သတို့သမီးကိုနမ်းလို့ရပြီးဆိုတဲ့အချိန်မှာ သူ့ဘက်က တွန့်ဆုတ်နေမိသည်။ သူချစ်ရတဲ့လူရဲ့ရှေ့မှာ အခြားတစ်ယောက်ကိုနမ်းဖို့ဆိုတာ မဖြစ်နိင်ပေ။ သို့ပေမဲ့လည်း အယ်ရာဘက်ကစတင်နမ်းတော့ သူငြိမ် နေလိုက်မိသည်။ အနမ်းတွေပြန်ခွာတဲ့အချိန် ဂျီမင်တစ်ဖက်လှည့်နေတာကိုတွေ့တော့ စင်အောက်ကို ပြေးသွားချင်နေလေသည်။

" မင်း...ကိုယ့်ကိုအရှက်ရအောင်တော့မလုပ်နဲ့ထယ်ယောင်း...သေလူမျက်နှာနဲ့လည်း လုပ်ပြမနေနဲ့။ ပြီး‌ရင် မင်းနဲ့ကိုယ် ဖြေရှင်းမယ် "

သူ့နားမှာ ခပ်တိုးတိုးပြောနေတဲ့အယ်ရာရဲ့အသံကိုလည်းဂရုမစိုက်နိင်သလို ထထွက်သွားသောလူကိုသာကြည့်နေမိသည်။ ၀မ်းနည်းနေမှာပေါ့။ ချစ်ရတဲ့လူကို ကာကွယ်ရခြင်းနောက်မှာ ချစ်ရတဲ့လူကို၀မ်းနည်းအောင်လည်း လုပ်လည်းရသလို နာကျင်အောင်လည်း လုပ်ထားမိပြန်သည်။ ဖမ်းဆွဲချင်
ပေမဲ့ မတက်နိင်တဲ့ခွန်အားတွေက ဒီနေရာကနေ တစ်ဖွာမျှမရွေ့ချေ။ လာသမျှလူတွေကို လိုက်နူတ်ဆက်ဖို့ စိတ်မပါသလို ဒီမင်္ဂလာပွဲလည်း ဘယ်လိုဘယ်ပုံပြီးမှန်း သူမသိလိုက်ချေ။ ဒီညအတွက် hotelမှာပဲ သတို့သားနဲ့သတို့သမီးအတွက် ပြင်ဆင်ထားတာကို ထယ်ယောင်းက အခြားခန်းထဲမှာ သွားနေလေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now