" ကိုကို "
အခန်းထဲကိုပြေး၀င်လာတဲ့ ထယ်ယောင်းကို ကိုဖက်လေသည်။ ဖွားနဲ့မာမီကလွဲရင် ကိုကို့ရဲ့အခန်းကိုမည်သူမျှမ၀င်ရပေ။ဒါကို အဖွားကအမိန့်ထုတ်ထားလေသည်။ ထယ်ယောင်းသည် ဖွားနဲ့မာမီလစ်တာနဲ့ကိုကို့ရဲ့အခန်းထဲကိုခိုး၀င်တက်လေသည်။
" ညီ...!!"
ပြေးလာတဲ့ထယ်ယောင်းကို ကိုကိုဒူးထောက်က ပွေ့ဖက်လိုက်သည်။ မတွေ့ရမမြင်ရသည်မှာ တစ်ပတ်ကျော်ကျော်လောက် ရှိလေသည်။ ၆နစ်ကျော်ကျော်သာရှိသေးသည့်ထယ်ယောင်းအတွက်တော့အရာရာသည် ကိုကိုသာဖြစ်လေသည်။ ကိုကိုနဲ့ညတိုင်းအတူဖက်အိပ်တယ်။ ကိုကိုနဲ့အတူနေ့တိုင်းကစားတယ်။ မိဘတွေထက် ကိုကို့ကိုထယ်ယောင်းပိုချစ်၏။ ကိုကိုက အစားငတ်ခံကာဆန္ဒပြနေတာမို့ တော်တော်လေးပိန်သွားလေသည်။ ကိုကိုသည် ဖြူဖြူသေးသေးလေးသာ ကျန်တော့လေသည်။
" ညီ ..ကိုကိုယူခဲ့ခိုင်းတာယူလာလား ?"
အခန်း၀မှာ ခနခနလာရပ်နေတဲ့ထယ်ယောင်းကို ကိုကို့က ကားသော့ကိုခိုးယူခိုင်းလေသည်။ မာမီအခန်းထဲကို ၀င်ချင်သလို ထွက်ချင်သလိုထွက်နေရတဲ့လူက ထယ်ယောင်းအပြင် ဘယ်သူမှ မရှိဘူးလေ။
" ဒီမှာလေ...ကိုကိုကဘယ်သွားမလို့လဲ.. ?"
" ကိုကိုအဝေးကြီးသွာတော့မှာ ..ညီက လိလိမ္မာမ္မာနေနော်.. "
" ကိုကိုက ပြန်မလာဘူးလား။။?"
" ပြန်လာမှာ ..ကိုကိုပြန်လာမှာမို့ ညီကကျန်းမာအောင်နေပြီး ဂျီမင်လေးကိုလည်းဂရုစိုက်ပေးနော်။ ဂျီမင်လေးကို အခြားလူတွေထက် ပိုဂရုစိုက်ပေးနော် "
" ကိုကိုက ဘယ်တော့ပြန်လာမှာလဲ ?"
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထယ်ယောင်းသည် ကိုကို့ဆီက အဖြေမရမချင်းမေးနေလေသည်။ ကိုကိုက ထယ်ယောင်းရဲ့ပါးလေးကို ဘယ်ပြန်ညာပြန်နမ်းရင်
" ညီဒီညအိပ်လိုက်ရင် နိုးတာနဲ့ကိုကိုပြန်ရောက်လာမယ်နော် "
" အင်း "
ဝုန်း...!!!
တံခါးဆွဲဖွင့်သံကြားတော့ ညီအကိုနစ်ယောက်လုံးလန့်သွားလေသည်။ ကိုကိုသည် ကားသော့ကို ကုတင်အောက်ထဲပစ်ထည့်လိုက်သည်။ ဖွားသည် ကိုကို့အားစူးစူးစိုက်စိုက်ကြည့်သည်။ ထိုအကြည့်ထိုမျက်လုံးကိုထယ်ယောင်းတစ်သက်မမေ့နိင်ခဲ့ပါ။ စူးရဲတင်းလွန်းပြီး ပြတ်သားလွန်းတဲ့မျက်၀န်း ။ ကိုကိုနဲ့သူ့ကိုဝေးကွာသွားအောင် လုပ်ပစ်နိုင်ခဲ့တဲ့မျက်၀န်း...။
YOU ARE READING
ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။ (Complete)
Fanfictionသူငယ်ချင်းဆိုတာ ဘယ်တော့မှ ချစ်သူမဖြစ်သင့်တဲ့လူပေါ့။