၁၀

1.7K 214 14
                                    

" ကဲ ...ဒီလလည်း ကင်မ်ထယ်ယောင်းက နံပါတ်တစ်ကို ဗိုလ်စွဲပြန်ပြီး "

အမှတ်စာရင်းတွေကို ဆရာကသူ့တို့အခန်းထဲလာပေးရင် ထယ့်ယောင်းအားပြောလေသည်။ ထယ်ယောင်းတို့ကတော့ ရင်မခုန်ပေ။ ဒီကျောင်းမှာ သူ့ကိုယှဉ်နိင်တဲ့လူမရှိပေ။ စာပဲလားဆိုတော့လည်းမဟုတ်ပြန် အားကစားကလည်းပါသေး၏။ အခန်းထဲက ကလေးတွေ ထယ်ယောင်းအတွက်လက်ခုပ်တီးတော့ ဂျီမင်ပါထယ်ယောင်းအားကြည့်လိုက်တော့ ထယ်ယောင်းက ဂျီမင့်ကိုပြန်ကြည့်ရင် မျက်လုံးတစ်ဖက်မှိတ်ပြသည်။
ဂျီမင်လည်း စာတော်ပေမယ့် ကင်မ်ထယ်ယောင်းကိုတော့မနိင်ပေ။  ဘာကြောင့်မှန်းမသိ ထယ်ယောင်းကစာကိုတစ်ခါလေ့လာယုံရင် မှတ်မိနေတက်တာ။ အလွတ်ရနေတက်တာ။

" ကိုးကွယ်ချင်လိုလား ချစ်... "

အသံခပ်တိုးတိုးနဲ့ထယ်ယောင်းက ဂျီမင်နားကပ်ကာစပြောနေလေသည်။ ဂျီမင်လည်း နှာခေါင်းကိုတွန့်ပစ်ပြီး ။

" ကိုးကွယ်စရာ‌ကောင်းတဲ့အမျိုးသား ဆိုတာ လီဗြောင်ဟွန်းတို့လိုယောင်္ကျားကိုပြောတာလေ ။ မင်းလိုလူက ဘယ်နားကကြည့်ပြောတာလဲ ?"

" လီဗြောင်ဟွန်း ....! ဘယ်သူလဲ ..အဲ့ကောင်ဘယ်သူလဲ ..ဘယ်ကလဲ...မင်းဘယ်လိုသိလဲ  ?"

" ဟမ့် ..."

ဂျီမင်ရုတ်တရက်မို့ ဘာဖြေလို့ဖြေရမှန်းမသိတော့ပေ။ ဟုတ်တာပေါ့ ထယ်ယောင်းမှာ ရုပ်ရှင်မကြည့်တာ ။ ဇာတ်လမ်းတွဲကိုထယ်ယောင်းကလုံး၀မကြိုက်တာ။ ဒါကြောင့် လီဗြောင်ဟွန်းကို မသိတာ ဖြစ်နိင်တယ်။  နိင်ငံခြားကားတွေတစ်ချို့တစ်လေတော့ သူနဲ့အတူလိုက်ကြည့်တက်ပေမယ့် ဇာတ်လမ်းတွဲကြည့်မလား ဆိုတာနဲ့ " နိုး " လိုသာဖြေသူကါ။ ဒါပမဲ့ လီဗြောင်ဟွန်းက ကမ္ဘာကျော် သရုပ်ဆောင်ပါ။

" ဘယ်သူလဲလို့ မေးနေတယ်လေ "

ထယ်ယောင်းအသံကကျယ်စပြုလာလေ၏။ ဂျီမင်ချက်ချင်းပဲ ထယ်ယောင်းနူတ်ခမ်းကိုလက်နဲ့ပိတ်လိုက်ရင်

" ဘာဖြစ်လို့အော်နေတာလဲ ...အခန်းပြင်ကြည့်လိုက်ဟိုမှာတွေ့လား..မင်းကိုစောင့်နေတယ် "

ဂျီမင်ပြောတဲ့နေရာကို ထယ်ယောင်းကကြည့်လိုက်တော့ ထယ်ယောင်းပြုံးသွားလေသည်။ဂျီမင်သိသည်  ။ ထယ်ယောင်းသည် အိုယိုဂျင်းဆိုတဲ့ အမျိုးသမီးလေးကိုလိုက်နေတာ။ ချစ်စကားကြိုက်စကားမပြောရသေးပဲနဲ့ ဒီအတိုင်းရင်းနှီးတဲ့ပုံစံကနေ ထယ်ယောင်းက ချစ်သူဆက်ဆံရေးဘက် ကူးပြောင်းချင်ပုံရသည်။ ထယ်‌ယောင်းဘက်က ဂျီမင်ကို အိုယိုဂျင်းနဲ့ပတ်သက်ပြီးတစ်ခုမကျန်ပြောပြတက်သည်။ ဒါက ဂျီမင့်ကို ‌ပိုခက်ခဲစေတာပဲ။ ကိုယ်ချစ်တဲ့လူကအခြားတစ်ယောက်ကိုသဘောကျတယ်ဆိုတဲ့အကြောင်း ဘာမှမဖြစ်သလိုနဲ့နားထောင်းပေးရတာလောက် စိတ်ပင်ပန်းတာ ဘယ်မှရှိလိုလဲ... ?။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now