၂၉

1.7K 209 39
                                    

" အကို.."

" အကိုမင်းကိုချစ်တယ် ဂျီမင် " ဆိုတဲ့ အကိုယွန်ဂီရဲ့ စကားရဲ့အဆုံးမှာ အမည်မသိတဲ့ခံစားချက်လေးတစ်ခု ဂျီမင်ရဲ့ရင်ထဲကို လူပ်ခတ်၀င်ရောက်သွားလေ၏။ ထိုစကားကို ရင်ခုန်လို့မဟုတ်ပေ။ သို့ပေမယ့် ထိုစကားကို အကိုယွန်ဂီဆီကလည်း ကြားချင်တာ မဟုတ်သလို  အခြားဘယ်သူ့ဆီကမှာလည်း မကြားချင်ခဲ့ပါ။ ထိုနည်းလည်းကောင်းပဲ ထယ့်ယောင်းဆီကလည်း ထိုစကားကြားရဖို့ မျှော်လင့်နေမိတာမျိုးလည်း တစ်စိုးတစ်စိမှလည်းမရှိပြန်ပါ။

" ကျွန်တော့်ဆီကို နီးကပ်အောင်ထိတိုးမလာပါနဲ့လားအကို "

  အားနာတဲ့အကြည့်တွေနဲ့ ဂျီမင် ယွန်ဂီကိုကြည့်လိုက်မိသည်။ အစကတည်းက သူရိပ်မိခဲ့ရင် တွေ့မိမှာမဟုတ်ဘူး။

" ဘာလို့လဲ ...အကိုကို့ သဘောမကျလို့လားဟင် "

ယွန်ဂီကမေးတော့ ဂျီမင်ကခေါင်းခါသည်။ အကိုယွန်ဂီက ကောင်းမွန်တဲ့လူတစ်ယောက် ။ ပြီးတော့ သူလေးစားအားကျရတဲ့ စီနီယာတစ်ယောက်ထက် မပိုပေ။ အကိုမှ မဟုတ်ဘူး ဒီကမ္ဘာမှာ ထယ်ယောင်းကလွဲရင် သူစိမ်းယောင်္ကျားတစ်ယောက်ကို သူဘယ်တော့မှချစ်လာမည်မဟုတ်ပေ။

" အကိုကလူကောင်းပါ ။ ကျွန်တော်က လူကောင်းမဟုတ်ဘူး။ အကိုပြောပြောနေသလိုလည်း ကျွန်တော်က ရိုးသားဖြူစင်နေတဲ့လူလည်း မဟုတ်ဘူး "

" မင်းလေးက လူကောင်းဟုတ်ဟုတ်မဟုတ်ဟုတ် အကိုသဘောကျတယ် ။ ဒါက ဘာအကြောင်းပြချက်နဲ့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး"

စကားကိုနစ်ကိုယ်ကြားယုံလေးပဲ ပြောနေခဲ့ကြသည်။ ယွန်ဂီရဲ့လက်က ဂျီမင်ရဲ့မျက်နှာကို ကိုင်မလို့လုပ်တော့ ဂျီမင်က ခြေလှမ်းသုံးလှမ်းလောက် အနောက်ဆုတ်သွားလေသည်။  ယွန်ဂီက သတိရသွားတော့မှာ လက်ကိုပြန်ရုတ်လိုက်လေသည်။

" အကိုကို့တော့ ကျွန်တော့်ရဲ့အစ်ကိုရင်းတစ်ယောက်လိုပဲ မြင်ပါရစေ ။ နောက်ပြီး အကို့ဘက်ကဒီလိုပြောခဲ့တာတွေကိုမကြားဘူးလို့ပဲသတ်မှတ်လိုက်ပါရစေ "

ဂျီမင်က ရှောင်ထွက်မလိုလုပ်တော့ ယွန်ဂီကဂျီမင်ရဲ့လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ အဆွဲခံလိုက်ရတာမို့ လူကယိုင်မလိုတောင်ဖြစ်သွားလေသည်။

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Where stories live. Discover now