၃၅

2K 243 75
                                    

မင်းဆီကများသူငယ်ချင်းထက်ပိုတယ်လို့ပြောရင် ငါဘာဆက်လုပ်ရမလဲ ထယ်ယောင်းရယ်။ အခုချိန်‌ ရောက်မှမပြောပါနဲ့တော့လား ? ။ ငါ့ရဲ့ကျန်ရှိနေတဲ့ဘ၀တစ်လျှောက်လုံးကို မင်းရဲ့လောင်းရိပ်အောက်မှာပဲ ငါ့နှလုံးသားကိုထားခဲ့ဖို့တောင်းဆိုလိုက်တာလား ? ။ မင်းအတ္တသိပ်ကြီးလွန်းတယ် ထယ်ယောင်း...။ ငါ့ဘ၀ကို မင်းမှမင်းဖြစ်နေအောင်လုပ်လိုက်တာ ။

မှိတ်ထားမိတဲ့မျက်လုံးတွေသည် သတို့သမီးရဲ့ပုံရိပ်ကိုမြင်ယောင်လာတော့ချက်ချင်းပင်ထယ်‌့ယောင်းကို သူတွန်းထုတ်လိုက်သည်။ သူ့ခါးမှာရှိနေတဲ့ထယ်ယောင်းလက်တွေကြောင့်အနမ်းချင်းသာကွာဝေးသွားပြီးလူချင်းက နီးစပ်နေဆဲပဲ။

" ဖယ်ပေးပါ "

ခါးခါးသီးသီးမငြင်းဆန်နိင်တာလည်း ဒီလူနဲ့မို့ ...ဒီလူကြောင့် သူ့မှအရာအားလုံးနှောင်နှေးစေတာ။ ဒီနေ့ပဲ ရပ်သင့်ပြီးလေ .။

" တစ်ချက်လေးပဲ "

သူ့ကိုလာပြန်ဖက်တာမို့ အတင်းရုန်းလိုက်ရင်

" ဘာဖြစ်နေလဲ ..အခုချိန်ကျမှဘာဖြစ်နေတာလဲ ... ဒီလိုလုပ်တာ ငါ့တို့နစ်ယောက်လုံးဘယ်လောက်အပြစ်ရှိသလဲ မင်းသိလား...?"

သိတယ်။ အရာအားလုံးကိုသူသိတယ်။ ဒီအချိန်လေးပဲ စိတ်ကိုလွှတ်ချလိုက်ချင်တာ။ ဒီအချိန်လေးပဲ သူပြောချင်တာတွေ ပြောလိုက်ချင်တာ။ လှည့်ထွက်သွားမလို့လုပ်နေတဲ့သူရဲ နောက်ကျောကနေ ပွေ့ဖက်ထားမိသည်။ ဒီအငွေ့အသက်ကို သူ့ဆီမှာတစ်သက်လုံးကျန်နေစေချင်ခဲ့တာ။ နောက်ဆုံးဆန္ဒလေးပါပဲ။

" ခနလောက်ပါပဲ ...မငြင်းပါပဲ မင်ရယ်.."

နောက်‌ဆုံးတောင်းဆိုတာပါ။ မပိုင်ဆိုင်လိုက်ရတဲ့ မင်းရဲ့ကိုယ်အငွေ့အသက်ကို ဒီတစ်ချိန်လေးပဲအပြည့်အ၀ရူရိူက်ပါရစေ။ တစ်သက်လုံး လွမ်းကျန်ရစ်နေပါရစေ။

" လွှတ်ပါထယ်ယောင်းရယ် ငါမငြင်းနိင်တာမင်းသိရက်သားနဲ့...အခြားလူတွေအမြင်မှာ ငါ့ကို သူများအမျိုးသားကို ကြာခိုတဲ့အကောင်လို့ ပြောစေချင်တာလား...မြင်စေချင်နေတာလား ... ? "

ရုန်းထွက်၍ မရသော ခေါင်းစဥ်အောက်တွင် မှီတင်းနေထိုင်သည်။  (Complete)           Donde viven las historias. Descúbrelo ahora