Synopsis

1.7K 74 0
                                    


သူ့ရဲ့ကမ္ဘာမှာတုန်းကတော့ သူက အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်ခဲ့တာပဲ ။ဒါပေမဲ့ နောက်ဆုံးမှာ သူအသတ်ခံလိုက်ရချိန် နတ်ဘုရားက အခွင့်အရေးကို အရယူပြီး သူ့ဝိညာဉ်ကို  တခြားကမ္ဘာက ကောင်လေးတစ်ယောက်ရဲ့ ခန္ဓာဆီပို့ဆောင်လိုက်တယ် ။ အဲ့ဒီကောင်လေးက အခုလောလောဆယ် အားနည်းတဲ့ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး မှော်ဆရာတစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာ ရှိနေတယ် ။

အဲ့ဒီကောင်ငယ်လေးက ကယ်ဗင် လို့ ခေါ်တယ်တဲ့ ။ သူကတော့ သူ့မှတ်ဥာဏ်တွေကို သိမ်းဆည်းထားပြီး အဲ့ဒီကောင်လေး ( ကယ်ဗင် ) ရဲ့ ပုံစံအတိုင်းပဲနေဖို့ ဆုံးဖြတ်လိုက်တယ် ။

အဲ့ဒီကောင်လေးနဲ့ သူနဲ့တူတဲ့ တစ်ခုတည်းသော အချက်က မိဘမဲ့တွေဖြစ်ကြတာပဲ ။ ဒါပေမဲ့ ကယ်ဗင်က စိတ်ပျော့တဲ့အပြင် ခန္ဓာကိုယ်ကလည်း အားနည်းသေးတယ် အတိုချုံးပြောရရင်တော့ သူအမုန်းဆုံးအရာတွေ ရှိနေတဲ့ ခန္ဓာပေါ့ ။

“ SUN ” ဂိုဏ်းကြီးဆီကို  မှော်ဆရာအဖြစ် အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပြီးတဲ့နောက်မှာ သူအရင်က မဖွင့်နိုင်ခဲ့တဲ့ ကယ်ဗင်ရဲ့ မိဘတွေဆီက အမွေရထားတဲ့ စာအုပ်တစ်အုပ်ကို သူဖွင့်နိုင်လိုက်တယ် ။

သူ့ကို အံ့ဩသွားစေတာက အဲ့ဒီစာအုပ်က system တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရင်ကမ္ဘာမှာတုန်းက ဆော့နေကျ Virtual Game တွေလိုမျိုး လက်တွေ့ကမ္ဘာမှာ သူ့ကို Level တွေ Up ပေးနိုင်တာပဲ ။

ဒီ system ရဲ့ အကူအညီနဲ့ သူ့ဆန္ဒတွေ ပြည့်ဝနိုင်ပြီး ဒီကမ္ဘာပေါ်က စွမ်းအားအကောင်းဆုံး လူတစ်ယောက် ဖြစ်လာနိုင်တယ် ။ နတ်ဆိုးတွေနဲ့ သဏ္ဍာန်ပြောင်းကောင်တွေတောင် သူ့ကို ဘာတစ်ခုမှ မထိနိုင်တော့တဲ့အထိပေါ့ ။

••••••

ကယ်ဗင်က သူ့ဘက်ကို ခေါင်းလှည့်လာပြီး သူက ကိုယ်လုံးတီးပဲရှိနေသေးမှန်းတွေ့တော့ “ အရင်ဆုံး အင်္ကျီဝတ်လိုက် ပြီးရင် ငါတို့ စကားပြောကြမယ် ” လို့ ပြောလာတယ် ။

အက်ဇယ်လ်က ပွယောင်းယောင်း အဝတ်တချို့ကို ရှာတွေ့သွားပြီး ချက်ချင်းပဲ ဝတ်လိုက်တယ် ။ ပြီးတော့ သူ့လက်ဖျံထက်မှာ အနည်းငယ်အောက်လျှောပြီး ဓားသွားတိုတဲ့ ဓားမြှောင်တွေကိုလည်း သူ့ကိုယ်မှာ တပ်ဆင်လိုက်တယ် ။ ပြီးတာနဲ့ ကယ်ဗင်အနားကို တိုးသွားလိုက်ပြီး အနောက်ကနေ သိုင်းဖက်လိုက်တယ် ။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now