Chapter-27

117 19 1
                                    

အမဲလိုက်နယ်မြေ

          အက်ဆဲလ်က ကယ်ဗင့်အနားကခွာဖို့ သူ့ရဲ့စိတ်စွမ်းအင်အားလုံးကိုသုံးလိုက်ရပြီး သူက "ငါတို့စားဖို့တစ်ခုတည်းသောအရာက မင်းရဲ့မှော်အိတ်ထဲက အစားအစာတွေပဲ။ ဒါကဒီနေ့အတွက်လုံလောက်မယ်။ နက်ဖြန်ငါတို့ဘယ်လိုစီစဉ်မလဲကြည့်ကြတာပေါ့" လို့ပြောလိုက်ပါတယ်။

          အဲ့ဒီနောက် အက်ဆဲလ်ကသူ့ကိုသိချင်စိတ်နဲ့ ပြောလိုက်ပါတယ် "မင်း ဘယ်လိုထမင်းဟင်းချက်ရမလဲသိလား"

          ကယ်ဗင်ကခေါင်းငြိမ့်ပြခဲ့ပါတယ်။ "ကျွန်တော့်မှာရွေးချယ်စရာမရှိခဲ့ဘူး။ ငယ်ငယ်လေးကတည်းက လုပ်ဖို့သင်ခဲ့ရတဲ့အရာပဲ။ အနည်းဆုံးတော့ကျွန်တော်စားတဲ့အစာကအဆိပ်မရှိမှန်းတော့သေချာတာပေါ့"

          အက်ဆဲလ်ကသူ့လက်သီးတွေကို ဆုပ်လိုက်ပါတယ်။ ကယ်ဗင်ကသူ့ရဲ့မူလကမ္ဘာမှာနေခဲ့ရတဲ့ဘဝဟာ အရမ်းပင်ပန်းမှာကို တွေးမိခဲ့ပြီး သူကအဲ့ဒီကိုသွားဖို့အတွက် အားကောင်းချင်ကာ သူ့ကိုနာကျင်စေတဲ့သူတွေကို ‌သတ်ပစ်ချင်နေပါတယ်။

          သူကအလျင်အမြန်ပဲကယ်ဗင့်ကိုပြောလိုက်ပါတယ်။ "မင်းဟင်းချက်ရတာမကြိုက်ရင် ငါတို့အမြဲ အသင့်စားအစားအသောက်တွေဝယ်မယ် ဒါမှမဟုတ် ကန်တင်းမှစားကြမယ်လေ။ အဲ့ဒီအတွက် စိတ်မပူပါနဲ့"

          ကယ်ဗင်ကပြုံးပြလိုက်ပြီး ထလိုက်ကာ အကြောဆန့်လိုက်ပါတယ်။ သူကအပြုံးနဲ့လှမ်းယူလိုက်တဲ့အက်ဆဲလ်ကို သူ့လက်လှမ်းပေးလိုက်ပြီး  ကယ်ဗင်က"ကျွန်တော်တို့ရဲ့အိမ်အသစ်ကို ပြပါ အက်ဆဲလ်။ ပြီးရင် အစာစားကြတာပေါ့။ အဲ့ဒီနောက်မနက်ဖြန် ဘာတွေစီစဉ်ထားလဲ ထပ်ပြောပြပါ။ ကန်တင်းကိုသုံးဖို့ကတော့ မေ့ထားလိုက်လို့ရပါတယ်" လို့ပြောခဲ့ပါတယ်။

          အက်ဆဲလ်က ကယ်ဗင်ဘာကြောင့် ကန်တင်းကို အရမ်းမကြိုက်တာလဲမသိပေမယ့် သူ့အတွက်အကြောင်းမဟုတ်တာကြောင့် ဒီတိုင်းခေါင်းငြိမ့်ပြလိုက်ပါတယ်။

          သူကကယ်ဗင့်ကိုအခန်းတွေအားလုံးပြခဲ့ပြီး ကယ်ဗင်ကသူ့ရဲ့မူလကမ္ဘာနဲ့တူတဲ့ မီးဖိုချောင်ကိုမြင်တဲ့အခါ အက်ဆဲလ်ကိုပြောလိုက်ပါတယ်။ "ကျွန်တော်ဟင်းချက်ရတာ တကယ်ကြိုက်ပါတယ် အက်ဆဲလ်။ ဒါပေမယ့်အသင့်စားဟင်းတွေလည်းဝယ်ရမယ်။ ကျွန်တော်ဟင်းမချက်ချင်တဲ့အချိန်တွေလည်းရှိပြီး အတင်းအကျပ်လည်းမလုပ်ချင်ဘူး"

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Tempat cerita menjadi hidup. Temukan sekarang