Chapter-22

118 22 1
                                    

ဤခံစားချက်အား နှစ်သက်နေခြင်း

          ကယ်ဗင်က ရှက်နေခဲ့ပြီး အက်ဆဲလ်ရဲ့ ရင်ခွင်ထဲ သူ့ခေါင်းကို ဖွက်ထားလိုက်ပါတယ်။ သူက အရင်ဘဝကအသက်33အရွယ်မှာ ဆုံးသွားခဲ့ပေမယ့် သူက ဘယ်သူနဲ့မှ ဒီလိုမျိုး ဆက်ဆံရေး မရှိဖူးခဲ့ပါဘူး။ လူတိုင်းက သူ့ကိုကြောက်ရွံ့နေပြီး သူနဲ့ ခပ်‌ခွာခွာနေခဲ့ကြပေမယ့် အက်ဆဲလ်ကတော့ ထူးခြားပါတယ်။ သူ့ကို ကြောက်တဲ့ပုံမပေါ်ပါဘူး။

          ကယ်ဗင်က ဆုံးဖြတ်ချက်ချပြီး‌တဲ့နောက် အက်ဆဲလ်ကို သူအဆင်ပြေကြောင်း မော့ကြည့်ပြီး ပြောလိုက်ပါတယ်။ အက်ဆဲလ်အနားကပ်လာတာကို သူတွေ့လိုက်ပြီး နှုတ်ခမ်းအချင်းချင်း ထိကပ်လိုက်တဲ့အခါ ပုံမှန်ထက်မြန်နေတဲ့ သူ့ရဲ့နှလုံးခုန်သံက ချက်ချင်းဆိုသလို ပိုပြီး မြန်ဆန်လာပါတယ်။

          ကယ်ဗင်က သူ့နှုတ်ခမ်းကို အက်ဆဲလ်ရဲ့နှုတ်ခမ်းဆီ ပိုဖိကပ်လိုက်ပြီး သူက ဒီခံစားမှုကို အရမ်းနှစ်သက်နေမိပါတယ်။ ဒါဟာ ယစ်မူးချင်စရာပါပဲ။

          အက်ဆဲလ်က သာယာမှုတွေအောက် ညည်းမိလိုက်ပြီး သူ့ရဲ့လက်ကို နှုတ်ခမ်းချင်း ပိုနီးစပ်အောင် အက်ဆဲလ်ရဲ့ခေါင်းအနောက်ထားလိုက်ပါတယ်။ အဲ့ဒီနောက် နှစ်ယောက်သား အသက်ရှူမဝမချင်း ဆက်တိုက်နမ်းနေခဲ့ပါတယ်။

          ဒီလို ပူပြင်းလှတဲ့ အနမ်းတွေ အပြီးမှာ အက်ဆဲလ်က ကယ်ဗင့်ရဲ့နဖူးကို နမ်းလိုက်ပြီး ပြောခဲ့ပါတယ် "ငါထင်ထားတာထက်ပိုပြီးကောင်းတာပဲ။"

          ကယ်ဗင်ကပြုံးပြလိုက်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ အက်ဆဲလ်ရဲ့နှုတ်ခမ်းကို အမြန်နမ်းလိုက်ပြီး ထပ်မေးခဲ့ပါတယ် "အက်ဆဲလ် အခုခင်ဗျားဘယ်ရောက်နေခဲ့လဲဆိုတာကို ပြောပြပေးပါ။"

          အက်ဆဲလ်ကသူ့ကိုထဖို့ ကူပေးခဲ့ပြီး တိုနီဆိုင်မှာ ဘာဖြစ်ခဲ့လဲဆိုတာရယ်၊ သူတို့တွေ့ခဲ့တဲ့ သေတ္တာနှစ်ခုတည်းနဲ့ ရွှေဒင်္ဂါး စုစုပေါင်း 18 000 ရခဲ့တယ်ဆိုတဲ့ ပိုက်ဆံဘယ်လောက်ရခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

          အဲ့ဒီနောက်ကယ်ဗင်က "ဒါအကုန်လုံးတော့ မဟုတ်သေးဘူး။ ကျွန်တော် မိစ္ဆာတွေကို တိုက်ခိုက်ပြီး System ကနေတစ်ဆင့် ရခဲ့တဲ့ ပိုက်ဆံနဲ့ အဆင့်နိမ့် သေတ္တာ 2လုံးရှိသေးတယ်။ ကျွန်တော် ခင်ဗျားနဲ့အတူတူဖွင့်ကြည့်ချင်တယ်" လို့ပြောခဲ့ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Où les histoires vivent. Découvrez maintenant