Chapter-28

94 19 1
                                    

င့ါကိုဆွဲဆောင်နေတာရပ်လိုက်ပါ

          အက်ဆဲလ်က ကယ်ဗင်နဲ့နဖူးချင်းကပ်လိုက်ကာ သူ့ရဲ့ပါးကိုပွတ်သပ်လိုက်ပါတယ်။ "ဒီအတောအတွင်း ငါက အိပ်မက်မက်နေတယ်လို့ခံစားမိပြီး မနိုးထချင်တော့ဘူး"

          ကယ်ဗင်ကရယ်လိုက်ပြီး အက်ဆဲလ်ရဲ့နှုတ်ခမ်းကိုကိုက်လိုက်ပါတယ်။ "ခင်ဗျားအိပ်မက်မက်နေတာမဟုတ်ဘူးတွေ့လား...ဒါနဲ့ခင်ဗျားရဲ့ Statsနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရလဲ"

          အက်ဆဲလ်ကသူ့ကိုမဖြေခင်ပြုံးပြလိုက်ကာ နမ်းလိုက်ပါတယ်။ သူကသူ့ရဲ့ Stats ကိုကျေနပ်နေပြီး သူဝံပုလွေအသွင်ပြောင်းထားရင် သူ့ရဲ့ဓားတွေကိုမသယ်နိုင်တာကတော့ နှမြောစရာပါပဲ။ "သူတို့ကတကယ်မိုက်တယ်။ နောက်ပြီးငါတို့ပိုပြီးတိုးတက်အောင်လုပ်နိုင်မှာပဲလေ။ သွားရအောင်ကယ်ဗင်။ ငါလည်းမင်းလိုစိတ်မရှည်ဘူး"

          အက်ဆဲလ်ကသူ့ရဲ့ဓားတွေကိုမှော်အိတ်ထဲထည့်လိုက်ပြီး ကယ်ဗင့်ကိုပေးလိုက်ပါတယ်။ သူတို့ရဲ့အိမ်အပြင်ကိုရောက်တာနဲ့ အက်ဆဲလ်ကသူ့ကိုဖက်ပြီး အားပါးတရနမ်းလိုက်ပါတယ်။

          မနေ့ညက ကယ်ဗင်က သူအခုထိဒီထက်ပို ရှေ့ဆက်ဖို့အဆင်သင့်မဖြစ်သေးတာကြောင့်သူ့ကိုစိတ်ရှည်ဖို့ပြောခဲ့ပြီး အက်ဆဲလ်သူ့ကိုဖက်ပြီးနမ်းတဲ့အခါသူကြိုက်တယ်လို့လည်းပြောခဲ့တာကြောင့် အက်ဆဲလ်ကဒါကိုအခွင့်ကောင်းယူချင်ခဲ့ပါတယ်။

          ပူလောင်တဲ့အနမ်းပြီးတဲ့နောက် ကယ်ဗင်ကသူ့ကျောပေါ်တက်လိုက်ပြီး အက်ဆဲလ်ကဝံပုလွေအသွင်မပြောင်းနိုင်ခင် စူးစမ်းတဲ့မျက်လုံးတွေဆီကရှောင်ရှားနိုင်ဖို့ သူတို့တောထဲကိုနည်းနည်းဆင်းသွားပါတယ်။

          အက်ဆဲလ်ကအသွင်ပြောင်းဖို့သင့်တော်တဲ့နေရာတွေ့တဲ့အခါ ကယ်ဗင်က အက်ဆဲလ်ရဲ့ပြီးပြည့်စုံစွာ ပုံသွင်းထားတဲ့ ဘာမှမပါတဲ့ခန္ဓာကိုယ်ကို မမြင်အောင် တစ်ဖက်ကိုလှည့်လိုက်ပါတယ်။

          အဲ့လိုမှမဟုတ်ရင်သူက သူ့ကိုထိချင်စိတ်ကိုခံနိုင်ရည်အားမရှိတော့ပဲ သူတို့တကယ်ထွက်ခွာချင်ရင် အက်ဆဲလ်ရဲ့ခြေထောက်ကြားထဲမှာရှိတဲ့ဧရာမသတ္တဝါကိုမနှိုးလိုက်တာ ပိုကောင်းပါလိမ့်မယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now