Chapter-17

129 21 0
                                    

မွေးရာပါ အမှတ်

          System ရဲ့ အသံက ကယ်ဗင့်ရဲ့ခေါင်းထဲ ပဲ့တင်ထပ်နေခဲ့ပြီး သုံးဖက်မြင် ပုံရိပ်ယောင် မျက်နှာပြင်ပေါ်မှာ သူအရင်က ရရှိဖူးတဲ့ စာတွေနဲ့တူတဲ့ စာတစ်စောင် ပေါ်လာခဲ့ပါတယ်။

[ဂုဏ်ယူပါတယ်။ သင်ဟာ အဆင့်10ရှိတဲ့ မှင်စာသူရဲကောင်းကို သတ်လိုက်နိုင်ပါပြီ။သင်ဟာ ရွှေဒင်္ဂါး 450၊ exp အမှတ် 140နဲ့ အဆင့်နိမ့်သေတ္တာတစ်ခုကို ရရှိခဲ့ပါပြီ။]

[ဂုဏ်ယူပါတယ်။ သင့်ရဲ့အဆင့်မြင့်သွားတာကြောင့် အမှတ်1မှတ်ကို သင့်ရဲ့ STATSအားလုံးထဲပေါင်းထည့်လိုက်ပါတယ်။]

          ကယ်ဗင်က အခုထိမယုံနိုင်ဖြစ်နေခဲ့ပါတယ်။ တကယ်လို့ တိုက်ခိုက်နိုင်တဲ့ မိစ္ဆာတွေက သူ့ကို အတွေ့အကြုံအများကြီးပေးရင် သူက အနာဂတ်မှာ လေ့ကျင့်ဖို့ ထောင်ချောက်များစွာကို ရှာဖို့လိုအပ်မှာဖြစ်ပါတယ်။

[STATS]

အမည်: ကယ်‌ဗင်

လူမျိုး: လူသား

အဆင့် 3

အတန်း: မှော်ပညာ

Exp: 80/300

အင်အား: 6

သွက်လက်မှု: 6

သက်လုံ: 6

ဝိညာဉ်အား: 186

နားလည်နိုင်မှုစွမ်းရည်: 12

HP: 26/30

          အက်ဆဲလ်ကကယ်ဗင့်အနားရောက်လာခဲ့ပြီး မှင်စာသူရဲကောင်းရဲ့ မျက်လုံးကို ဓားထိုးစိုက်လိုက်တဲ့ ကယ်ဗင့်ရဲ့လက်တွေကို ကိုင်လိုက်ပါတယ်။

          အက်ဆဲလ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောခဲ့ပါတယ် "မင်းရဲ့မှော်အိတ်ထဲမှာ အနာကို ဆေးထည့်လို့ရတာတွေ အားလုံးရှိနေ‌လို့တော်သေးတာပေါ့။ ပိုးဝင်သွားလို့မဖြစ်ဘူးလေ
          မင်းဒီလိုမျိုး ဓားကိုသုံးမယ်ဆိုရင် လက်နှစ်ဖက်လုံး ပတ်တီးသာပတ်ထားလိုက်။ ခုနက မင်းအနောက်မှာ ဓား‌နှစ်ခု ထပ်ရှိနေမှန်း ငါသိလိုက်တယ်။ တခြားနေရာမှာလည်း မင်းထားထားသေးတယ်မလား?"

          ကယ်ဗင်က အနည်းငယ်ထူးဆန်းနေတယ်လို့ခံစားမိပြီး ခေါင်းငြိမ့်ပြလိုက်ပါတယ်။  တစ်စုံတစ်ယောက်က သူ့ကို ဒီလိုဂရုစိုက်ပေးတာဟာ ပထမဆုံးပဲဖြစ်ပြီး သူ့အတွက်ပျော်ရွှင်တဲ့ခံစားမှုမျိုးရရှိပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now