Chapter-11( အလုပ်များသောနေ့တစ်နေ့ )

182 33 0
                                    

     အက်ဆဲလ်က သူဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်နေလို့ ကယ်ဗင်ခံစားနေရတာကို အတိအကျသိနေတာကြောင့် ကယ်ဗင့်ရဲ့ ပခုံးပေါ်လက်တင်လိုက်ပါတယ်။
       
        အက်ဆဲလ်ဟာလည်းပဲ အသိုက်အမြုံလေးတစ်ခု ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ကိုချစ်တဲ့သူတစ်ယောက်ရှိနေချင်ခဲ့တာပါပဲ။ ဒါပေမယ့် စွန့်ပစ်ခံရမယ်ဆိုတဲ့ ကြောက်ရွံ့မှုကဒီလိုစွန့်စားမှုမျိုး လုပ်ဖို့မဝံ့ပါဘူး။
       
        ဘယ်လိုပဲ ဖြစ်ဖြစ် သူကညီအစ်ကိုတွေလို သတ်မှတ်ထားတဲ့ အယ်လန်နဲ့ သူ့ရဲ့ချစ်သူ အဲရစ်ခ်ရယ် ကယ်ဗင်ရယ် ကလွဲပြီး ဘယ်သူမှ သူ့အာရုံကို မဖမ်းစားနိုင်ပါဘူး။
       
        မတ်တပ်ရပ်နေတဲ့ ဒေ့ါဂလက်စ်ကြောင့် အက်ဆဲလ်ရဲ့အတွေးတွေရပ်တန့်သွားခဲ့တယ်။ ဒေါ့ဂလက်စ်က လူတိုင်းကို ကိုယ့်အတန်းချိန်ကိုယ်ဝင်ကြဖို့ ပြောလိုက်တဲ့အခါ အယ်လန်ကအရင်ထွက်သွားခဲ့တယ်။ အက်ဆဲလ်ကတော့ သူ့ရဲ့လက်တွေက ကယ်ဗင့်ရဲ့ပခုံးပေါ်မှာရှိနေသေးတာကို သတိပြုမိသွားပါတယ်။
       
        အက်ဆဲလ်ကသူ့ရဲ့လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှမပြောရသေးခင် ကယ်ဗင်က သူ့ကိုမေးခဲ့တယ်။ " ခင်ဗျားသဘောတူတုန်းမလား? ကျွန်တော်တကယ် ခင်ဗျားရဲ့ဝံပုလွေအသွင်ပြောင်းတာကို ကြည့်‌ချင်တာ"
       
        အက်ဆဲလ်က ပြုံးပြုံး‌လေးနဲ့ ကယ်ဗင့်ရဲ့ ခေါင်းကို ဖွလိုက်ပြီး "ဒါပေါ့ ငါသဘောတူပါတယ်။ ဒီကို ငါပြီးမယ့်အချိန် ညနေ6နာရီလောက်လာခဲ့လိုက် ငါ့အတွက်ပိုပြီး သက်တောင့်သက်သာဖြစ်မယ့် တောထဲကို သွားကြမယ်"လို့ ပြောခဲ့တယ်။
       
        ဒီကိစ္စနဲ့ပတ်သက်ပြီး အက်ဆဲလ်က ကယ်ဗင့်လိုပဲ စိတ်လှုပ်ရှားနေတာမြင်ရတော့ ကယ်ဗင်က အနည်းငယ်တော့ အံ့အားသင့်သွားခဲ့တယ်။ နောက်ပြီး သူဟာ အက်ဆဲလ်နဲ့ ပျော်စရာကောင်းတဲ့အချိန်ကို ဖြတ်သန်းလိုက်ရတာကြောင့် မတ်တပ်ရပ်လိုက်ပြီး သူ့ခေါင်းပေါ် ခေါင်းဆောင်းကို ပြန်ဝတ်လိုက်ပြီး " မနက်စာအတွက် ကျေးဇူးတင်ပါတယ် အက်ဆဲလ်၊ အရမ်းစားလို့ကောင်းပါတယ်။ ကျွန်တော် ခင်‌ဗျားထွက်လာမယ့်အချိန်ကို စောင့်နေမှာပါ ကောင်းသောနေ့လေးဖြစ်ပါစေ"လို့ပြောခဲ့ပါတယ်။
       
        ကယ်ဗင်က အက်ဆဲလ်ကို လက်ပြနှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။ သူလည်းပဲ အလုပ်များမယ့်နေ့တစ်နေ့ကို ပိုင်ဆိုင်ရမှာပါပဲ။
       
        သူက လူများတဲ့ လမ်းကိုရောက်လာပြီးစတိုးဆိုင်တွေဖွင့်နေတာ မြင်တဲ့အခါ သူ့ရဲ့စိတ်ထဲ ဒီနေ့ဘာလုပ်ရမလဲနဲ့ ဘာကိုအရင်လုပ်ရမလဲဆိုတာကို စီစဉ်ဖို့ အချိန်ယူခဲ့တယ်။
       
        သူ မနက်စာစားထားတော့ အစာကြေဖို့အချိန်လိုတဲ့အတွက် သူ့အတွက်လိုအပ်တဲ့အရာတွေကိုဝယ်ယူခဲ့တယ်။
       
        အခုချက်ချင်းသာ သူပြေးသွားခဲ့ရင် ဗိုက်ထဲကစားပြီးသားတွေကို ပြန်အန်ထုတ်မိမှာ အသေအချာပါပဲ။
       
        သူဝယ်စရာရှိတာတွေဝယ်ပြီးတဲ့အခါ တရားထိုင်တာမစခင် 10km တစ်ပတ်ပြေးပြီး နေ့လယ်ဘက်မှာ သူ့အခန်းထဲပြန်ပြီး လေ့ကျင့်ခန်းတစ်နာရီနဲ့ အကြောဆန့်ခြင်း တစ်နာရီ လုပ်ပါမယ်။
       
        ကယ်ဗင်က သူ့ရဲ့ အစီအစဉ်အတိုင်း လုပ်ခဲ့ပြီး သူလိုအပ်တဲ့အရာအားလုံးကို ရှာတွေ့ခဲ့ပါတယ်။ သူကစုစု‌ပေါင်း ရွှေဒင်္ဂါး 49ပြားကို သုံးခဲ့တာကြောင့် သူ့မှာရွှေဒင်္ဂါး 180ပြား ကျန်ရှိပါတယ်။
       
        အစကတော့ ကယ်ဗင်က သူ့မှာမရှိတဲ့ လက်ပတ်နာရီတစ်လုံးကို ဝယ်ချင်နေခဲ့ပေမယ့် စနစ်ရဲ့ အဓိကmenuမှာ ရက်စွဲ၊နေ့ရက်နဲ့ အချိန်တွေ ပေါ်တာကြောင့် မဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
       
        စနစ်ဟာ အရမ်းကိုအဆင်ပြေတဲ့အရာတစ်ခုပါ။သူအကြောဆန့်တဲ့အချိန်ပြည့်သွားတဲ့အခါ သူ့ရဲ့ဦးနှောက်ထဲ ရင်းနှီးပြီးသားအသံတစ်ခုဟာ ပဲ့တင်ထပ်လာပြီး နေ့တစ်နေ့ရဲ့ ဒုတိယအကြိမ်အဖြစ် တူညီတဲ့ သတင်းပေးမှုတစ်ခုပေါ်လာတာကို တွေ့ခဲ့ပါတယ်။
       
        [ဂုဏ်ယူပါသည်။ သင်သည် ကိုယ်ခန္ဓာကို အကြောဆန့်ခြင်းဟူ‌သော နေ့စဉ်တာဝန်တစ်ခုအား ပြီးမြောက်ခဲ့ပါပြီ။ ရရှိသည့်ဆုအား ပိုပေးလိုက်ပါပြီ။]
       
        တရားထိုင်ခြင်းမစတင်ခင် ကယ်ဗင်က ရေချိုးပြီးထမင်းစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
       
        နေ့လယ် 1နာရီ27မိနစ်မှာ ကယ်ဗင်က သူ့ရဲ့အခန်းထဲပြန်ရောက်ခဲ့ပြီး တရားထိုင်ခြင်းမစတင်ခင် Statsကို စစ်ဆေးခဲ့ပါတယ်။
       
[STATS]

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now