Chapter-20

129 21 1
                                    

အကျိုးအမြတ်ရသော အရောင်းအဝယ်

          အက်ဆဲလ်ဟာ သူမထွက်ခွာခင်  သူအပြင်ရောက်နေတုန်း ကယ်ဗင်နိုးလာပြီး ဗိုက်ဆာနေမှာစိုးတာကြောင့် ဆန်းဒွစ်ခ်ျတွေ မှာပေးခဲ့ပါတယ်။ အစားအသောက်ရောက်လာတဲ့အခါ ကုတင်ပေါ်မှာ သူဘယ်သွားလဲဆိုတဲ့ စာတစ်စောင်ကို ချန်ထားပေးခဲ့ပါတယ်။

          အက်ဆဲလ်က ဟိုတယ်က ထွက်လာပြီးနောက် တိုနီရဲ့ ဆိုင်ထဲကို ဝင်သွားခဲ့ပါတယ်။ ဒီဆိုင်ဟာ နေရာတစ်ခုလုံးမှာ အကြီးဆုံး မှော်ပစ္စည်းဆိုင်ဖြစ်ပြီး တိုနီကတော့ ဆိုင်ပိုင်ရှင်နာမည်ဖြစ်ပါတယ်။

          အဲ့ဒီဆိုင်မှာ အားလုံးကိုတွေ့နိုင်ပါတယ်။ လက်နက်တွေ၊ မှော်ဆေးပင်ကဲ့သို့ အဂ္ဂိရတ်ပစ္စည်းတွေနဲ့ ဆေးဖော်စပ်ဖို့အတွက် အခြားသောပစ္စည်းတွေလည်းရှိပါတယ်။

          တိုနီဟာ ဆေးဝါးတွေနဲ့ ကမ္ပည်းကဲ့သို့ ကုန်ချောများကိုလည်း ရောင်းချခဲ့ပြီး သူတို့အားလုံးက အရည်အသွေးအရမ်းကောင်းပါတယ်။

          အက်ဆဲလ်က သူ့ကိုအချိန်အတော်ကြာ သိနေခဲ့ပါတယ်။ တိုနီက သူ့ကို အမြဲတမ်းဈေးကောင်းတွေပဲ ပေးတယ်ဆိုတာ သူသိပါတယ်။ ဒါကြောင့် မှင်စာခန္ဓာကိုယ်တွေကို ရောင်းချဖို့ အဲ့ဒီနေရာကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

          တိုနီက သူရောက်လာတာကိုတွေ့တဲ့အခါ နှုတ်ဆက်ခဲ့ပါတယ်။ "အက်ဆဲလ် မတွေ့တာကြာပြီနော်။ ဒီကိုဘာလုပ်မလို့လဲ ဝယ်ဖို့လားရောင်းဖို့လား?"

          အက်ဆဲလ်ကလည်း သူ့ကိုပြန်နှုတ်ဆက်လိုက်ပြီး အပြုံး‌နဲ့ပြောလိုက်ပါတယ်။ "ဒီကိုကျွန်တော် ရောင်းဖို့လာတာပါ။ ခုနက တောအုပ်ကိုဖြတ်သွားရင်း မှင်စာတွေပြည့်နေတဲ့ထောင်ချောက်ကို တွေ့ခဲ့လို့ပါ။

          ကျွန်တော့်မှာ မှင်စာခန္ဓာကိုယ် 17ခု၊ မှင်စာ သူရဲကောင်းခန္ဓာကိုယ် 4ခု၊ အဆင့်မြင့်မှင်စာ စစ်သည် ခန္ဓာကိုယ် 3ခုနဲ့ ထောင်ချောက်ဘုရင်ကတော့ မှင်စာစစ်သည်တော်ပါ။"

          ခန္ဓာကိုယ်တွေကိုတိုနီ့ကိုပေးပြီးတဲ့နောက် အက်ဆဲလ်ကထပ်ပြီး "ကျွန်တော်လည်း သူတို့ရဲ့ လက်နက်တွေရထားတယ်။ ဒါကြောင့် ခင်ဗျား စိတ်ဝင်စားလား?" လို့ပြောခဲ့ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now