Chapter-5(Zawgyi)

111 3 0
                                    

ခန္ဓာကိုယ်အသစ်အား စမ်းသပ်ခြင်း

ဒေါ့ဂလက်စ်က နောက်ထပ်စာရွက်ဖြည့်ပြီးတဲ့နောက် ရပ်လိုက်ပြီး ကယ်ဗင့်ကို နေပုံသဏ္ဌာန်ထဲ M ပါတဲ့ တံဆိပ်တစ်ခုပေးခဲ့ပြီး မေးခဲ့တယ် " အယ်လန်က မင်းကို လိုက်ပို့ပေးတာတွေ့တယ် ဒါဆို သူ မင်းကို မှတ်ပုံတင်ကြေးအကြောင်း ပြောပြသေးလား?"

ကယ်ဗင်က ခေါင်းငြိမ့်ပြီး ပေးရမယ့် ရွှေဒင်္ဂါး 20ပြား ကို ထုတ်ပေးလိုက်တယ် "ဒီမှာပါဆရာ....အဲ ဒေါ့ဂလက်စ်"

ဒေါ့ဂလက်စ်က ပြုံးလိုက်ပြီး ‌ရွှေဒင်္ဂါး 20ကို ယူခဲ့တယ်
အဲ့ဒီနောက် သူကလှည့်ပြီး အနောက်မှာ ရှိတဲ့ စားပွဲပေါ်က မှော်အိတ်ကို လှမ်းယူလိုက်တယ်

သူက အဲ့ဒီမှော်အိတ်ကို ကယ်ဗင့်ကိုပေးပြီး "ဒါက မှော်ပညာရှင်အဖြစ် အစပိုင်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေပါ

အထဲမှာ မင်းရဲ့ အချိန်ဇယားနဲ့ အခန်းနံပါတ်လည်း ပါတယ် ဒီအဖွဲ့အစည်းမှာ စည်းမျဉ်းစည်းကမ်းတွေ သိပ်မများပေမယ့် ဒီကလူတွေက စည်းကမ်းတင်းကြပ်တာကြောင့် သူတို့ကို လေးလေးစားစား ဆက်ဆံပါ" လို့ပြောခဲ့တယ်

ကယ်ဗင်ခေါင်းငြိမ့်လိုက်တာမြင်တဲ့အခါ သူက  နောက်ဆုံးအနေနဲ့ "နှစ်ရက်အတွင်း ဒီကို ပြန်လာခဲ့
ညနေ၆နာရီမှာထွက်မယ် ငါတို့က ‌နောက်ကျတဲ့သူကို ‌စောင့်မှာမဟုတ်ဘူး နားလည်လား?" လို့ပြောခဲ့တယ်

ကယ်ဗင်က ပြုံးပြလိုက်ပြီး ပြောခဲ့တယ် "ဟုတ်ကဲ့ပါ ဆရာ...အဲလေ...ဒေါ့ဂလက်စ်"

ကယ်ဗင်က သူခေါ်ဖို့ပြောထားတဲ့ နာမည်ကိုခေါ်ရမှာ အဆင်မပြေဖြစ်နေတာကို ဒေါ့ဂလက်စ်က မြင်တော့ "မင်း အဆင်မပြေဖြစ်နေရင် ငါ့ကို အန်ကယ် ဒေါ့ဂလက်စ်လို့ခေါ်နိုင်ပါတယ် ဒီလိုဆို ပိုအဆင်ပြေမလား?" လို့ပြောခဲ့တယ်

ကယ်ဗင်က စိတ်သက်သာရာရသွားပြီး ချက်ချင်းဆိုသလို "ဟုတ်ကဲ့ ပိုအဆင်ပြေပါတယ် ကျေးဇူးတင်ပါတယ် အန်ကယ် ဒေါ့ဂလက်စ် ဒါဆို ‌နောက်နှစ်ရက်မှာတွေ့မယ်ဗျာ" လို့ပြောလိုက်တယ်

ကယ်ဗင်က ပြန်ထွက်လာပြီး ရလာတဲ့မှော်အိတ်ကို သူ့ရဲ့အိတ်ထဲတန်းထည့်လိုက်တယ်
အဲ့ဒီနောက် အက်ဆဲလ်လေ့ကျင့်နေတဲ့ နေရာဆီ ပြန်လျှောက်သွားခဲ့တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now