Chapter -2

338 44 0
                                    

မှော်ဆရာများ ရွေးချယ်ခြင်း

သူ့ရဲ့ ပစ္စည်းအားလုံးကို အဲ့လူရဲ့အိတ်နဲ့ယှဉ်ရင်
100စတုရန်းမီတာကျယ်တဲ့ အခန်းလောက်ရှိတဲ့ သူ့ရဲ့ မှော်အိတ်ထဲပြောင်းထည့်ခဲ့တယ်

သူဟာဒီမှော်အိတ်ကို မိဘမဲ့ဂေဟာရဲ့ ကျောင်းအုပ်ဆီက ရခဲ့ပြီး အဲ့အိတ်ထဲမှာ အဝတ်အစားနည်းနည်း၊ Sun Sectမှာ အရွေးခံရအောင်လျှောက်ဖို့ ငွေဒင်္ဂါး 20နဲ့ လွန်ခဲ့တဲ့2ရက်က မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ့ ကြယ်ပုံပါတဲ့ စာအုပ်လေးပဲရှိခဲ့တယ်

သူ့မိဘတွေက သူအသက်18နှစ်ပြည့်ရင် ဒီစာအုပ်ကိုပေးဖို့နဲ့ အဖွဲ့အစည်းကနေ အရွေးခံရဖို့ ကြိုးစားရမယ်လို့ မိဘမဲ့ဂေဟာရဲ့ ကျောင်းအုပ်ကတစ်ဆင့်ပြောခဲ့တယ်

မိဘတွေက သူ့လုံခြုံရေးအတွက် စိတ်ပူပြီး
ဒီဂေဟာမှာ ထားခဲ့တာဖြစ်ကြောင်းနဲ့
ဒီငွေဒင်္ဂါး20ဟာလည်း သူ့အတွက် မိဘတွေချန်ထား‌ခဲ့တာလို့ ထပ်ပြီးပြောပြခဲ့တယ်

ကယ်ဗင်ရဲ့မှတ်ဉာဏ်အရ သူနေထိုင်ခဲ့တဲ့ ကမ္ဘာနဲ့ လုံးဝကွဲပြားနေတဲ့ ကမ္ဘာဖြစ်နေတာကို မြင်ခဲ့ရတယ်

ဒီကမ္ဘာမှာ သူသုံးဖူးတဲ့ သေနတ်ရော တိုးတက်နေတဲ့ နည်းပညာရော မရှိပဲ အရာအားလုံးဟာ မှော်ပညာတွေနဲ့ပဲဖြစ်နေတယ်

ဒီကမ္ဘာကို လူသားတွေ၊ အသွင်ပြောင်းနိုင်သူတွေနဲ့  တိရစ္ဆာန်တွေရဲ့ ပုံသဏ္ဌာန်ကို ခန့်မှန်းနိုင်တဲ့သူတွေဆိုတဲ့ မတူညီတဲ့ မျိုးနွယ်စု3စုကအုပ်ချုပ်နေပြီး သူတို့ရဲ့ ဘုံမိတ်ဆွေကတော့ နတ်ဆိုးတွေပဲဖြစ်တယ်

လူတွေနဲ့ အသွင်ပြောင်းနိုင်သူတွေက မှော်ပညာရှင်တွေဖြစ်လာနိုင်ပြီး အသွင်ပြောင်းနိုင်သူတွေက လူတွေထက် ပိုအားသန်ပေမယ့် အရည်အချင်းရှိပြီး သူတို့ထက်ပိုထူးချွန်တဲ့ လူတွေလည်း ရှိခဲ့တယ်

နတ်ဆိုးတွေကတော့ အင်အားအကြီးဆုံးမျိုးနွယ်စုဖြစ်ပေမယ့် သူတို့ရဲ့ မျိုးပွားနှုန်းနှေးတာကြောင့် အရေအတွက်သိပ်မများခဲ့ဘူး
ဒါကြောင့် လူတွေနဲ့ အသွင်ပြောင်းနိုင်သူတွေက အခုထိသူတို့ကို ကျော်လွန်နေနိုင်တုန်းပဲ
အနည်းဆုံးတော့ဒါဟာ ကယ်ဗင်ရဲ့မှတ်ဉာဏ်ထဲက သူတွေ့ရှိခဲ့တာတွေပဲဖြစ်တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now