Chapter-21 (Zawgyi )

47 3 0
                                    

လျှို့ဝှက် နည်းပညာ

          အပြန်လမ်းမှာ အက်ဆဲလ်က သူဟာ Sun Sect နဲ့အတူ ထောင်ချောက်ကို ဖျက်ဆီးဖို့ အဖွဲ့မှာ ပါဝင်ခဲ့ရင်း သေးငယ်တဲ့ စည်းစိမ်ဥစ္စာကို စုဆောင်းနိုင်ခဲ့တယ်လို့ သူတွေးခဲ့တာဟာ တကယ်တမ်းတော့ မှားနေခဲ့မှန်း သိသွားခဲ့ပါတယ်။

          လွန်ခဲ့တဲ့ 6နှစ်ကျော်အတွင်း အက်ဆဲလ်က ထောင်ချောက်ကိုဖျက်ဆီးတဲ့အခါရရှိလာတဲ့ ဝေစုမှာ ပါဝင်တဲ့အတွက် Sun Sectက အစားအသောက်နဲ့ အခန်းတစ်ခန်းကို အလကားအနေနဲ့ ထောက်ပံ့ပေးထားတာကြောင့် ရွှေဒင်္ဂါးပေါင်း 80 000‌ ကျော်လောက် စုစည်းနိုင်ခဲ့ပါတယ်။ လက်နက်တွေဝယ်ယူတာကလွဲပြီး အက်ဆဲလ်က သူ့ပိုက်ဆံကို တစ်ခြားဘယ်‌နေရာမှာမှ
မသုံးဖူးပါဘူး။

          ဒါပေမယ့် ဒီနေ့တော့ သူက ထောင်ချောက်တစ်ခုတည်းနဲ့ လွန်ခဲ့တဲ့ 6နှစ်ကထက်ပိုပြီး ရရှိခဲ့ပါတယ်။ ဒီအရာဟာတကယ်ဖြစ်‌နေမှန်းအက်ဆဲလ်ကအခုထိယုံဖို့ ခက်ခဲပါတယ်။

          ကယ်ဗင်သူ့ကို အကြံပြုခဲ့တာကို ပြန်တွေးကြည့်တဲ့အခါ ဒီအကြံဟာ ပိုပြီး နှစ်သက်စရာကောင်းနေပါတယ်။

          ထောင်ချောက်ကို ဖျက်ဆီးတာဟာ ဘယ်လောက်တောင်ရသလဲဆိုတာ သူသိသွားပြီမို့ သူတို့နှစ်ယောက်လုံးအတွက် အက်ဆဲလ်က နောက်ပိုင်းမှာ ပိုပြီးထောင်ချောက်တွေကို ရသမျှရှာဖို့ ကြိုးစားမှာဖြစ်ပါတယ်။

          သူကဟိုတယ်ကိုရောက်တဲ့အခါ ကယ်ဗင်များနိုးနေပြီလားလို့တွေးနေမိပါတယ်။ သူဟာ ကယ်ဗင်နဲ့ သတင်းကောင်းကိုဝေမျှဖို့ မစောင့်နိုင်တော့ပါဘူး။ သူက အခန်းတံခါးကိုဖြည်းဖြည်းလေးဖွင့်လိုက်ပြီး ကယ်‌ဗင့်ကို တွေ့လိုက်တဲ့အခါ ချက်ချင်း မျက်နှာဖျော့တော့သွားခဲ့ပါတယ်။

          ကယ်‌ဗင်က အိပ်ရာပေါ်မှာ လူးလိမ့်နေခဲ့ပါတယ်။ စောင်ကလည်းမရှိတော့ပဲ ချွေးတွေအများကြီးလည်း ထွက်နေခဲ့ပါတယ်။ ကယ်ဗင်ဟာ အိပ်မက်ဆိုးတွေကို မက်နေမှန်း သိသာစွာမြင်နေရပါတယ်။

          အက်ဆဲလ်က ‌အိပ်ရာဆီပြေးသွားပြီး ကယ်ဗင့်ရဲ့ ပခုံးကို ဆုပ်ကိုင်ပြီး‌ ခေါ်နှိုးလိုက်ပေမယ့် ကယ်ဗင်က သူ့ရဲ့အိပ်မက်ဆိုးထဲမှာ ပိတ်မိနေတုန်းဖြစ်နေပါတယ်။ သူ့ကိုနိုးလာအောင် ကြိုးစားနေတဲ့သူက အက်ဆဲလ်မှန်း သူသတိမထားမိသေးပါဘူး။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Où les histoires vivent. Découvrez maintenant