Chapter-4

256 43 0
                                    

စွဲမက်ဖွယ်ကောင်း‌သော မြင်ကွင်း

အယ်လန်ဟာ ပြုံးပြပြီး "ဘာလို့လဲဆိုတော့ ဒါက အရှားပါးဆုံး ဒြပ်စင်ဖြစ်တယ် နောက်ပြီး လူတိုင်း လိုချင်လွန်းတဲ့အရာကိုး တစ်ခုတော့ရှိတာပေါ့" လို့ ဖြေခဲ့တယ်

ကယ်ဗင်က အခုထိ ဘာခံစားချက်မှမပြသေးပေမယ့် ဒီ ဒြပ်စင်ဟာ အယ်လန်ပြောသလို ရှားပါးတယ်ဆိုရင် သူ့မှာနည်းနေတဲ့ ဝိညာဉ်အား အများကြီးလိုအပ်မယ်ဆိုတာ သူခန့်မှန်းမိပြီးသားဖြစ်တယ်

အဲ့ဒီနောက် အယ်လန်က "ကယ်ဗင်၊ မင်းကိုကြည့်ရတာ တော်တဲ့ကောင်လေးမို့ အခု‌ဆို ဒီလိုဒြပ်စင်ကို သုံးဖို့ ဝိညာဉ်အား အများကြီးလိုမယ်လို့ ခန့်မှန်းပြီးသားဖြစ်မှာပေါ့

အရမ်းလည်းစိတ်မပူပါနဲ့ ငါမင်းကိုပြောသလိုပဲ Sun Sect ကိုရောက်တာနဲ့ မင်းရဲ့ ဝိညာဉ်အားကို တိုးအောင် လေ့ကျင့်နိုင်လိမ့်မယ်

ဒီအခွင့်အရေးကို သေချာဆုပ်ကိုင်ထားဖို့က မင်းအပေါ်ပဲ မူတည်တယ်
ဒီဒြပ်စင်ရဲ့ ကျေးဇူးကြောင့် အနာဂတ်မှာ မင်းဟာ အရမ်းအားကောင်းတဲ့ မှော်ပညာရှင် ဖြစ်လာနိုင်ပေမယ့် အဲ့ဒီလိုဖြစ်လာဖို့ အများကြီးကြိုးစားရလိမ့်မယ်" လို့ပြောခဲ့တယ်

ကယ်ဗင်က အယ်လန်ပေးခဲ့တဲ့ အကြံအားလုံးနဲ့ သူ့ကိုရှင်းပြဖို့ အချိန်အများကြီးပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းငြိမ့်ပြခဲ့တယ်

ကယ်ဗင်က သူ့ရဲ့စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုတွေကို ဖုံးကွယ်မထားနိုင်တော့ပဲ "ကျွန်တော် ကြိုးစားမှာပါ အယ်လန် အဲ့ဒါကိုတော့စိတ်မပူပါနဲ့" လို့ အယ်လန့်ကို ပြောခဲ့တယ်

နောက်ဆုံးတော့ သူကအယ်လန့်ကိုမေးခဲ့တယ် "အယ်လန် Sun Sectကို ဘယ်အချိန် ကျွန်တော်တို့ သွားရမလဲ ပြီးတော့ ဒီနေရာနဲ့ရောဝေးလား?"

အယ်လန်ဟာ ပြုံးပြပြီးတော့ "ငါအနားယူဖို့လိုအပ်နေတယ် ငါနဲ့လိုက်ခဲ့ မင်းကို မှတ်ပုံတင်တာ ပြီးအောင် ကူညီပေးမယ်
ပြီးတော့ မင်းမှာ ပိုက်ဆံရှိလား? မင်းကမိဘမဲ့လို့ ငါတွေ့လိုက်လို့ မေးကြည့်တာပါ မှတ်ပုံတင်ခအတွက် မင်း ရွှေဒင်္ဂါး ၅ပြား နဲ့ လူသစ်အနေနဲ့လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့အတွက်
ရွေဒင်္ဂါး ၁၅ပြား လိုတယ်" လို့ပြောလိုက်တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now