Chapter-8

207 37 0
                                    

နေ့စဉ်တာဝန်များ

နားလည်မှုနဲ့ လေ့လာနိုင်မှု စွမ်းရည်များ ဖြစ်တဲ့ မွေးရာပါ သူရဲကောင်းစိတ်ဓာတ်စွမ်းရည်ဟာ ကယ်ဗင့်ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေဆိုတာ အသေအချာပါပဲ

မဟုတ်ရင်တော့ ကျန်တဲ့ဟာတွေက ကယ်ဗင့်ရဲ့ ခန္ဓာကိုယ်အတွက် သီးသန့်ဖြစ်မှ ရမယ်
ဒြပ်စင်တွေအတွက် ပါရမီပါမပါဆိုတာ​ကတော့ အယ်လန် သူ့ကို ရှင်း​ပြထားတာနဲ့ ကိုက်ညီမှုရှိပါတယ်

ကယ်ဗင်က ဒီနံပါတ်တွေအားလုံး ဘာကို ကိုယ်စားပြုလဲ မသိသေးပေမယ့် အနှေးနဲ့အမြန်တော့ ရှာတွေ့ပါလိမ့်မယ်

အဲ့ဒီနောက် သူက တာဝန်များလို့ ခေါ်တဲ့ နောက်ထပ်ကဏ္ဍတစ်ခုဆီ ပြောင်းလိုက်ပြီး ဒီအရာကို တွေးလိုက်ရုံနဲ့ သူ့ကိုစိတ်လှုပ်ရှားစေပါတယ်
တာဝန်တွေပြီးရင်အမြဲဆုလာဘ်တွေရနိုင်တယ်မဟုတ်ပါလား

[နေ့စဉ်တာဝန်များ]

ကိုယ်ခန္ဓာအား သန်မာစေပါ:

-လေ့ကျင့်ခန်း 1နာရီ= ခွန်အား 1 မှတ် (တစ်ရက်မှာ အများဆုံး 2 မှတ်)

-အကြောဆန့်ခြင်း 1နာရီ= သွက်လက်ခြင်း 2 မှတ် (တစ်ရက်လျှင် အများဆုံး 2မှတ်)

-5 ကီလိုမီတာပြေးခြင်း= သက်လုံ 1မှတ် (တစ်ရက်လျှင် အများဆုံး 40မှတ်)

-လိုအပ်ချက် 3ခုလုံးနှင့် ကိုက်ညီခဲ့လျှင် = exp 20မှတ် (တစ်ရက်လျှင် အများဆုံး 40မှတ်)

ဝိညာဉ်အားကို သန်မာစေပါ:

-1နာရီ တရားထိုင်ခြင်း= ဝိညာဉ်အား 1မှတ် (တစ်ရက်လျှင် အများဆုံး 5မှတ်)

-5နာရီ တရားထိုင်လျှင်= exp 20 မှတ်

[လစဉ်တာဝန်]

ယခုလမကုန်ခင် အဆင့်10သို့ရောက်လျှင် သင်သည် အပိုဆုများ ရရှိနိုင်သည်

ကယ်ဗင်အတွက် နေ့စဉ်တာဝန်များဟာ သူချမှတ်ထားတဲ့ ပန်းတိုင်များနဲ့ ကွက်တိဖြစ်နေတာကြောင့်  အားပါးတရပြုံးလိုက်တယ်

သူကတရားထိုင်တယ်ဆိုတာ ဘာမှန်းမသိသေးပေမယ့် အဖွဲ့အစည်းက ပေးတဲ့ စာအုပ်တွေထဲမှာအဖြေကို ရှာနိုင်လိမ့်မယ်လို့ ထင်တယ်
ဒါမှမဟုတ် သူက အယ်လန်ကို မနက်ဖြန်မနက်ရှာပြီး မေးလို့ အမြဲရပါတယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now