Chapter-26

108 17 1
                                    

ကျောင်းသားတစ်ယောက်အား ဆရာလုပ်ပေးရန်ရွေးချယ်ခြင်း

          ခုမှသူတို့ဆီပြန်ရောက်လာတဲ့ အက်ဆဲလ်က‌ပြောလိုက်ပါတယ်။ "ဒါကြောင့်မင်းမနေ့ကအရမ်းပင်ပန်းနေခဲ့တာကိုး။ အနည်းဆုံးတော့ဘာကြောင့်လဲဆိုတာ ငါတို့သိပြီ"

          ကယ်ဗင်က ခေါင်းငြိမ့်ပြလိုက်ပြီး အက်ဆဲလ်ရဲ့လက်ကို ကိုင်ကာ "ကျွန်တော်ပိုပြီး ဂရုစိုက်ပါမယ်။ ကျွန်တော်ကတိပေးပါတယ်" လို့ပြောလိုက်ပါတယ်။

          သူကအယ်လန့်ဆီလှည့်ပြီး သိချင်စိတ်နဲ့မေးလိုက်ပါတယ်။ "အယ်လန် ခင်ဗျား ရင်းနှီးမှုမရှိတဲ့ ဒြပ်စင်တွေရဲ့အမှုန်တွေကိုရော စုပ်ဖူးလား"

          အယ်လန်ကသူ့ကိုရိုးသားစွာ ပြောခဲ့ပါတယ်။ "ဟုတ်တယ်။ ငါ့ဆီ အကြိမ်များများဖြစ်ဖူးတယ်။ ဝိညာဉ်စွမ်းအင်က ဒြပ်စင်တစ်ခုနဲ့ပြည့်နှက်နေတဲ့နေရာတွေမှာ တရားထိုင်ရင် မင်းမှာအဲ့ဒီဒြပ်စင်နဲ့ ရင်းနှီးမှုမရှိရင်တောင် တချို့ကိုစုပ်ယူနိုင်တယ်"

          ကယ်ဗင်က ခေါင်းငြိမ့်လိုက်ပါတယ်။ နောက်ကျ တရားထိုင်ဖို့ သင့်တော်တဲ့နေရာတွေသူတွေ့ခဲ့ရင် သူကဒြပ်စင်ငါးခုလုံးသုံးနိုင်မှာဖြစ်ပါတယ်။ သူကအဆင့်1ရောက်အောင်စုပ်ယူနိုင်ပြီးရင်တော့ သူကဘယ်နေရာမှာမဆိုစုပ်ယူနိုင်ပါလိမ့်မယ်။

          အနည်းဆုံးတော့ မီးနဲ့မြေကြီးဒြပ်စင်တွေဟာအဆင့် 0ဖြစ်တာကို ဒြပ်စင်တွေရဲ့အဆင့်သတ်မှတ်ချက်မှာတွေ့ပြီးတဲ့အခါ ဒါကိုသူတွေ့ရှိခဲ့တာကြောင့် သူကအဆင့်1ရောက်ဖို့ အမှုန်200ကိုစုပ်ဖို့သာလိုပြီး ဒီသီအိုရီကဖြစ်နိုင်ကြောင်းအယ်လန်ကအခုလေးတင်အတည်ပြုခဲ့ပါတယ်။

          အက်ဆဲလ်ကသူပြောချင်တာကိုသိကြောင်း ကယ်ဗင့်ကိုပြောဖို့ သူ့လက်ကိုညှစ်လိုက်ပါတယ်။ နှစ်ယောက်လုံးတူညီစွာပြုမူခဲ့ကြပါတယ်။ ကယ်ဗင်က ‌အကြောင်းပြချက်ကောင်းအတွက်ကြောင့်သာမဟုတ်ခဲ့ရင် ဒီလိုမေးခွန်းမျိုးမေးမှာမဟုတ်မှန်း သူသိနေခဲ့ပါတယ်။

          နောက်ဆုံးတော့ ငှက်ကထွက်ခွာခဲ့ပြီး ကယ်ဗင်က သူ့ရဲ့မျက်နှာပေါ်က လေတိုက်တဲ့အရသာနဲ့သူမြင်‌နေရတဲ့မှင်သက်ဖွယ်ရှုခင်းကို အပြည့်အဝခံစားခဲ့ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now