Chapter-1(Zawgyi)

195 11 0
                                    

အခွင့်အရေးအသစ်

အသက် ၁၂နှစ်အရွယ်ရောက်တော့ ငယ်ငယ်ကတည်းကသူ့ကိုနှိပ်စက်ခဲ့တဲ့ မိဘမဲ့ဂေဟာကနေ ထွက်ပြေးလာခဲ့ပြီး လမ်းပေါ်‌မှာနေဖို့ ကြိုးစားခဲ့တယ်

သူ့ကိုရှာမတွေ့တော့အောင် ကျောင်း‌လည်းဆက်မသွားတော့ပဲ ဒီနေရာမှာတင် ဘဝသစ်ကို စတင်ခဲ့တယ်

သူက လျှင်မြန်ဖြတ်လတ်ပြီး လမ်းတွေမှာနာမည်ကြီးလာခဲ့တယ်၊ လူတိုင်းဆီကနေ  ဘာမဆို ခိုးယူနိုင်ပြီး ဘယ်တုန်းကမှ အဖမ်းမခံခဲ့ရဘူး

ငွေကြေးအာဏာတွေရှိတဲ့ သာမန်လူတွေနေထိုင်တဲ့ ကမ္ဘာနဲ့ အမှောင်ကမ္ဘာဆိုပြီး မတူညီတဲ့ ကမ္ဘာနှစ်ခုရှိတာကို သူငယ်ငယ်ကတည်းက သိခဲ့ရတယ်

အမှောင်ကမ္ဘာဆိုတာ အရည်အချင်းရှိတဲ့သူတွေနဲ့ ပိုက်ဆံအတွက်သာဆိုရင် ဘာမဆိုလုပ်မယ့် သူတွေက ကမ္ဘာကို အုပ်ချုပ်နေတဲ့ သူတွေထက် ပိုပြီး စွမ်းအားကြီးတဲ့ကမ္ဘာဖြစ်ပြီး သူနေထိုင်တဲ့ကမ္ဘာဖြစ်ခဲ့တယ်

အသက်၁၈နှစ်အရွယ်မှာတော့ သူဟာ အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူ ငါးယောက်ထဲက
တစ်ယောက် အပါအဝင်ဖြစ်ခဲ့ပြီး သူစိတ်ကူးခဲ့တာထက် ပိုပြီး ချမ်းသာလာခဲ့တယ်

၂၅နှစ်ရောက်တဲ့အခါ သူဟာ အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လာခဲ့တဲ့အပြင် ကိုယ်ပိုင် တိုင်းပြည်ငယ်လေး တစ်ခုကို ‌တည်ထောင်ခဲ့တယ်

အသက်၂၈နှစ်အရွယ်မှာတော့ သူကစွမ်းအားပိုကြီးလာပြီး ကမ္ဘာကို အုပ်ချုပ်နေတဲ့သူတွေအတွက် အန္တရာယ်တစ်ခုဖြစ်လာတဲ့အတွက် လူတိုင်းသတ်ပစ်ချင်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့တယ်

နိုင်ငံရေးသမား ဖြစ်ဖြစ် အာဏာရှင်ဖြစ်ဖြစ်
အမှောင်ကမ္ဘာထဲက လူတွေတောင်မှ သူ့ရဲ့ဦးခေါင်းကို လိုချင်နေကြတယ်

သူ့အဆက်အသွယ်တွေရဲ့ကျေးဇူးနဲ့ ငါးနှစ်ကျော်ကြာ လွတ်မြောက်နိုင်ခဲ့ပေမယ့် သူလုံခြုံပြီလို့ တွေးလိုက်တဲ့ အချိန်တိုင်း သူတို့ကအမြဲ‌ရှာဖွေနေခဲ့ကြတယ်

တစ်နေ့မှာတော့ leagueထဲမှာရှိတဲ့လူတိုင်း ဖြစ်စေချင်တဲ့အရာ နောက်ဆုံးမှာဖြစ်လာခဲ့တယ်
အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူဖြစ်ခဲ့တဲ့ သူဟာ လုပ်ကြံခံခဲ့ရတယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now