Chapter-3( Zawgyi )

107 4 0
                                    

စမ်းသပ်မှု

သူက ကယ်ဗင်ကို ဆက်ပြောစေတဲ့အတွက်
" ဒီ စံအတိုင်းအတာ က ဝိညာဉ်စွမ်းအားကိုတိုင်းဖို့နဲ့ သလင်းကျောက်ဘောလုံးက ကျွန်တော်တို့နဲ့ ဘယ်ဒြပ်စင်က ရင်းနှီးမှုရှိလဲ ဆိုတာ ဆုံးဖြတ်ဖို့ ဖြစ်နိုင်တယ်" လို့ ပြောခဲ့တယ်

အဲ့ဒီလူဟာ ခေါင်းငြိမ့်ပြီး ပြောခဲ့တယ် "မှန်တယ် ကောင်းတဲ့ခန့်မှန်းချက်ပဲ၊ ကယ်ဗင် အခု လိုရင်းကိုပြောရအောင်"

ကယ်ဗင်ဟာပြုံးနေပြီး ဒီလိုစိတ်မလှုပ်ရှားရတာ အတော်ကြာနေပြီမို့ ဒီစမ်းသပ်ချက်ရဲ့ ရလဒ်ကို သိချင်စိတ်ပြင်းပြခဲ့တယ်

အဲ့လူက သူ့ကို ‌"ကျေးဇူးပြုပြီး စံအတိုင်းအတာရဲ့ အောက်ခြေမှာရှိတဲ့ အနီရောင်ခလုတ်ပေါ် မင်းရဲ့လက်ကိုတင်ထားပြီး ဘောလုံးအပေါ်ဘက်ကို စိုက်ကြည့်နေရင် မင်းရဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ဖို့ငါ့ကို အခွင့်ပေးလိမ့်မယ်" လို့ပြောတယ်

သူက ခိုင်းတဲ့အတိုင်းလုပ်ခဲ့ပြီး ချက်ချင်းဆိုသလို မြင့်တက်လာတဲ့ စံအတိုင်းအတာဟာ သူ့ကမ္ဘာရဲ့ သာမိုမီတာအဟောင်းနဲ့ တူနေခဲ့တယ်
အမြင့်ဆုံး1000အထိ ရောက်နိုင်တဲ့ စံအတိုင်းအတာ က 180မှာရပ်ခဲ့တယ်

ဒီနံပါတ်တွေက ဘာကိုဆိုလိုလဲဆိုတာ သူမသိပေမယ့် အကယ်၍သူ့မှာ ဝိညာဉ်စွမ်းအားသာရှိရင် မှော်ပညာရှင်ဖြစ်နိုင်တယ်လို့ ဆိုလိုနေတာလား?

သူဟာဘာတုံ့ပြန်မှုမှမရှိတဲ့ လူကိုမကြည့်တော့တဲ့နောက် အဲ့လူဟာ "ကယ်ဗင် ဘောလုံးပေါ်  မင်းရဲ့လက်ကို တင်သာထားလိုက်
ဒီစစ်ဆေးမှုပြီးရင် မင်းကိုအားလုံးရှင်းပြပါမယ်" လို့ သူ့ကိုပြောခဲ့တယ်

ကယ်ဗင်က သူပြောသမျှကို လိုက်နာခဲ့ပြီး
ဘယ်ဒြပ်စင်က သူနဲ့ ရင်းနှီးမှုရှိလဲဆိုတာကို သိချင်နေခဲ့တယ်

အဝါရောင်အလင်းတန်းက ဘောလုံးထဲမှာ‌ပေါ်လာခဲ့ပြီးနောက် အပြာရောင်တောက်တောက်က အစားထိုးဝင်ရောက်လာခဲ့တယ်
နောက်ဆုံးမှာတော့ အဲ့ဒီဘောလုံးဟာ နဂိုမူလအရောင်ကို ပြန်ရောက်သွားခဲ့တယ်

သူ့ရဲ့လက်ကို ဖယ်ရှားမယ့်အချိန်မှာ အဲ့ဒီလူက ရုတ်တရက် ထလာပြီး "နေဦး! မင်းရဲ့လက်ကိုမလှုပ်နဲ့ဦး" လို့အလောတကြီး ပြောခဲ့တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Tempat cerita menjadi hidup. Temukan sekarang