Chapter-15

180 23 0
                                    

ကျွန်တော်နဲ့ ပြိုင်တိုက်ပါ

          အက်ဆဲလ်က အလေးအနက်‌ပြောနေမှန်း ကယ်ဗင်‌မြင်တဲ့အခါ သက်ပြင်းချလိုက်ပြီး "ကျွန်တော်က 33နှစ်ပါ၊ ငယ်ငယ်ကတည်းက လုပ်ကြံသတ်ဖြတ်သူဖြစ်လာတာပါ၊ နှစ်တိုင်းကျွန်တော့်ရဲ့ ပုံစံကို 2ကြိမ်3ကြိမ်ထက်ပိုပြီးပြောင်းရ‌တာကြောင့် ကျွန်တော့်နာမည်အရင်းကို မသိတော့ဘူး အက်ဆဲလ်၊ ဒါကြောင့် ကယ်ဗင်ဆိုတဲ့နာမည်က ကျွန်တော့်အတွက်အဆင်ပြေတယ်။

          5နှစ်အတွင်း သားရဲတိရိစ္ဆာန်လိုမျိုး ကျွန်တော့်ကို တိုက်ခိုက်ခဲ့တဲ့ ‌သေနာကောင်တွေကိုတော့ ကျွန်တော် မရေတွက်နိုင်လောက်အောင်အများကြီးသတ်ပစ်လိုက်တယ်။

          ဒါပေမယ့် ကျွန်တော့်ရဲ့ နောက်ဆုံးတိုက်ပွဲမှာတော့ အဆင့်မြင့်စစ်သားအယောက် 50ကိုသတ်ပစ်လိုက်ပြီး နောက်ဆုံးမှာတော့ ကျွန်တော့်ကို သတ်ဖို့ တာဝန်ပေးခံထားရတဲ့ သူရဲ့ အသက်ကို သတ်ပစ်လိုက်တယ်" လို့ပြောခဲ့ပါတယ်။

          အက်ဆဲလ်က ဘာမှမပြောပဲအရှေ့ကိုသာ တည့်တည့်‌ကြည့်နေတာကြောင့် ကယ်ဗင်က သူ့ရဲ့မေးစေ့ကို ကိုင်ကာ သူ့ဆီမျက်နှာမူစေပြီး "ခင်ဗျား အခုကျေနပ်ပြီလား?" လို့မေးလိုက်တယ်။

          အက်ဆဲလ်က ကယ်ဗင့်ကို မေးချင်တဲ့နောက်ဆုံးမေးခွန်းတစ်ခုရှိနေပေမယ့် သူကအဖြေကိုကြောက်ရွံ့နေခဲ့တယ် "ငါ..."
          ကယ်ဗင်က ရယ်လိုက်ပြီး ပြောခဲ့တယ် "ခင်ဗျား အပျော်တမ်းသမားနဲ့ ဆက်ဆံနေတယ်ထင်နေတာလား ကျွန်တော့်ကို ဘာမေးချင်သေးလဲ?"
          အဲ့ဒီနောက် အက်ဆဲလ်က "မင်းက သူ့မှတ်ဉာဏ်တွေကို သိရတယ်လို့ပြောတယ်လေ၊ ဒါဆို မင်းပိုအားကောင်းလာ‌အောင် ကြိုးစားနေတဲ့အချိန် လုံခြုံနေအောင် Sun Sect ကို ဝင်ဖို့ ရွေးချယ်လိုက်တာလား?" လို့‌ ပြောလိုက်တယ်။

          ကယ်ဗင်က သူ့ရဲ့ပြောင်မြောက်လှတဲ့ သုံးသပ်မှုအပေါ် အံ့အားသင့်သွားပြီး သူဘာဆက်မေးချင်လဲသိချင်တာကြောင့် ခေါင်းငြိမ့်ပြလိုက်ပါတယ်။

          အက်ဆဲလ်က ဆက်ပြီး "မင်းလုံလုံလောက်လောက် အားသန်သွားတဲ့အခါ ထွက်သွားမှာလား?" လို့မေးလိုက်ပါတယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now