Chapter-9(Zawgyi)

80 3 0
                                    

စကားများသူ

ကယ်ဗင်က ခေါင်းလှည့်ပြီးကြည့်လိုက်တော့ အက်ဆဲလ်မှန်း သိသွားခဲ့တယ်
အက်ဆဲလ်က အံ့ဩသွားပုံပေါ်ပေမယ့် ကယ်ဗင်လောက်တော့ မဖြစ်ခဲ့ဘူး
ပုံမှန်အားဖြင့် သူ့ကိုဘယ်သူ့မှ သတိမထား‌နိုင်လောက်ပေမယ့် အက်ဆဲလ်က သူ့ကို ဘယ်လိုများတွေ့ခဲ့ပါလိမ့်?

ကယ်ဗင်က သူ့မျက်နှာပေါ်မှာအပြုံးနဲ့ အက်ဆဲလ်ဆီလျှောက်လာခဲ့တယ်
သူက အက်ဆဲလ်ဆီနီးလာတဲ့အခါ အက်ဆဲလ်က " ဟိုင်း ကယ်‌ဗင် တကယ်ပဲမင်းဖြစ်နေတာကိုး ငါ့ရဲ့အာရုံတွေက ငါ့ကိုမလှည့်စားခဲ့ဘူး မင်းဒီမှာဘာလုပ်နေတာလဲ?"

ကယ်ဗင်က အက်ဆဲလ်ရဲ့မေးခွန်းကိုပြန်မဖြေပဲ သူနားမလည်လိုက်တာကို ချက်ချင်း မေးလိုက်တယ် "ခင်ဗျားရဲ့အာရုံတွေ?"

အက်ဆဲလ်က ကယ်ဗင့်ရဲ့မေးခွန်းကြောင့် နည်းနည်းရှက်သွားပေမယ့် သက်ပြင်းချကာ " ဘာပဲဖြစ်ဖြစ် မင်းနောက်ဆုံးမှာ ‌သိသွားမှာပဲ။
Sun Sect ထဲက လူတိုင်း ငါ့အကြောင်းသိကြတယ်
ကယ်ဗင် ငါက ဝံပုလွေ အသွင်ပြောင်းနိုင်သူပဲ။
ငါမင်းကို ရှာတွေ့ခဲ့တာက မင်းရဲ့ အနံ့ကို မှတ်မိလို့ပဲ" လို့ ဖြေလိုက်တယ်။

ကယ်ဗင်က သူ့ကို အံ့ဩမှင်သက်စွာ ကြည့်လိုက်ပေမယ့် စိတ်လှုပ်ရှားမှုကပိုလာတော့ ‌မအောင့်အည်းနိုင်တော့ပဲ မေးခွန်းများစွာက သူ့နှုတ်ခမ်းကနေ ထွက်လာတယ် "ခင်ဗျား ဝံပုလွေ အဖြစ် အသွင်ပြောင်းနိုင်လား? ခင်ဗျားအမွှေးရဲ့ အရောင်ကရော? ခင်ဗျား ပိုပြီး အား‌သန်တာက ဝံပုလွေပုံဖြစ်‌နေရင်လား လူပုံဖြစ်နေရင်လား?
ခင်ဗျားစိတ်နဲ့ ပုံပြောင်းလို့ရလား? ကျွန်တော့် အနံ့ကို ဘယ်လိုဖုံးထားလို့ရလဲ?"

အက်ဆဲလ်က သူ့ရဲ့လက်တစ်ဖက်ကို ကယ်ဗင်ရဲ့ပါးစပ်ပေါ်တင်ကာ တိုးတိုးနေခိုင်းလိုက်တယ်။
သူ့ရဲ့နောက်လက်တစ်ဖက်က ကယ်ဗင်ရဲ့ ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ပြောခဲ့တယ် "ဒီလိုပုံစံက ပိုအဆင်ပြေတယ် မင်းကိုမင်း ဖုံးကွယ်ထားစရာမလိုပါဘူး မင်းမှာ ပြဿနာတွေရှိရင် အခုမင်းက Sun Sect ရဲ့အဖွဲ့ဝင်ဖြစ်နေတာမို့ ငါမင်းကိုကူညီပါ့မယ်"

ကြောင်အသွားတဲ့ပုံဖြစ်နေတဲ့ ကယ်ဗင်ရဲ့‌အရှေ့မှာ အက်ဆဲလ်က ဆက်ပြီး ပြောပြခဲ့တယ် "လူတွေမင်းကိုသတိမထားမိအောင် သွားချင်တာမလား
တစ်ယောက်ယောက်ဆီက ထွက်ပြေးနေတာလည်းမဟုတ်ပဲ ဘာလို့ ဒီလိုလုပ်နေရတာလဲ?"

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now