Chapter-12 ( စိတ်လှုပ်ရှားမှု )

173 29 0
                                    

        မထွက်ခွာခင်မှာ ကယ်ဗင်က သူ့ရဲ့ဝိညာဉ်အားအမှတ်ကို စစ်ဆေးလိုက်တဲ့အခါ သူမျှော်လင့်ထားသလိုပဲ 184ဖြစ်နေခဲ့ပါတယ်။
         
          ကယ်ဗင်က ပထမလေ့ကျင့်တဲ့ရက်မှာ ပျော်ရွှင်နေပြီး အက်ဆဲလ်နဲ့တွေ့ဖို့အတွက် အလျင်အမြန်ပဲ တည်းခိုခန်းထဲက ထွက်လာပါတယ်။
         
          သွားနေတဲ့လမ်းမှာသူက main squareနားက လမ်းကြားလေးမှာ စောင့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ အက်ဆဲလ်က သူ့ကို ရှာတွေ့ဖို့ ပြဿနာမရှိလောက်ပေမယ့် ဒီမနက်မှာ မနက်စာစားရင်း လူတွေရဲ့တုံ့ပြန်မှုအရ မသိမသာနေတာကပဲ‌ ကောင်းပါလိမ့်မယ်။
         
          အခုတော့ ကယ်ဗင်က ဒီထက်ပိုပြီး အီရီနာကို ရန်မစနိုင်ပါဘူး။ သူကသူမကို ရင်ဆိုင်ဖို့ရာ အားနည်းလွန်းနေပြီး အက်ဆဲလ်က ဒီလို စွန့်စားမှုမျိုး လုပ်သင့်တယ်လို့ သူမထင်ပါဘူး။
         
          ကယ်ဗင်က အက်ဆဲလ်ရဲ့ စွမ်းရည်နဲ့ စိတ်နေစိတ်ထားကို တကယ် အသိအမှတ်ပြုပါတယ်။
နောက်ပြီးသူက လူတစ်ယောက်ဝံပုလွေအသွင်ပြောင်းပုံကို သိချင်စိတ်ရှိပေမယ့် အက်ဆဲလ်ကို သိတာသိပ်မကြာသေးတာကြောင့် ယုံဖို့ရာ ခက်ခဲနေပါတယ်။

          တစ်ဖက်မှာတော့ အက်ဆဲလ်က အနည်းငယ် စိတ်လှုပ်ရှားနေပါတယ်။ မိုက်မဲရာကျပေမယ့် သူက ကောင်လေးနဲ့ချိန်းထားတာ မဟုတ်တာ‌တောင် ချိန်းထားသလိုခံစားနေရပါတယ်။ကယ်ဗင်ရဲ့ တောက်ပနေတဲ့ မြစိမ်းရောင်မျက်လုံးတွေနဲ့ တိုက်ခိုက်‌စွမ်းရည်တွေအပြင် အက်ဆဲလ်က သူ့ကိုတကယ် စိတ်ဝင်စားနေပြီး
ဒါဟာ သူ တစ်စုံတစ်ယောက်နဲ့ အချိန်အတူတူဖြုန်းချင်နေမိတာ ပထမဆုံးပါပဲ။
         
          ဒါပေမယ့် ဘာလို့ ကယ်ဗင့်ကို အက်ဆဲလ်က သူ့ရဲ့ဝံပုလွေအသွင်ပြောင်းပုံကို ကြည့်စေချင်နေတာလဲ?
         
          ကယ်ဗင်က သူ့ကိုကြောက်သွားပြီး မမြင်ချင်တော့ရင်ရော...သူနဲ့အတူတူ လေ့ကျင့်ဖို့ဖိတ်ခေါ်တာကပိုပြီးတော့ကောင်းပါသေးတယ်။ အနည်းဆုံးတော့ သူ့ကို ကယ်ဗင်က အထင်ကြီးသွားမှာ သေချာပါတယ်။
         
          အက်ဆဲလ်က အနည်းငယ် စိတ်လှုပ်ရှားနေတာကို သူ့ဘေးက ပါလာတဲ့ အယ်လန်ကမြင်တော့ "ငါခုနက ပြောလိုက်တာကြောင့် ဆိုရင် အရမ်းစိတ်မပူပါနဲ့ ငါမင်းကို စ လိုက်တာပါ" လို့ ပြောခဲ့တယ်။
         
          အက်ဆဲလ်က ခုထိစိတ်ရှုပ်နေတာကိုတွေ့တော့ အယ်လန်က "မင်းသူ့ကို တကယ်ကြိုက်တယ်ဆိုရင် Sun Sect မှာရှိနေတဲ့အချိန်မှာ သူပြန်ပြီး စိတ်ဝင်စားလာအောင် ကြိုးစားဖို့ အချိန်တွေရပါတယ်။ အဲရစ်တောင်မှ ငါတိုက်ခိုက်သူတွေနဲ့ ဝေးဝေးနေဖို့ ကျမ်းကျိန်ခံရတုန်းက ငါ့ကိုဆွဲဆောင်တာ အောင်မြင်ခဲ့တာပဲ။ မင်းမှာလည်း အခွင့်အရေးအများကြီးရှိပါတယ်" လို့ထပ်ပြောခဲ့တယ်။
         
          နောက်ဆုံးတော့ အက်ဆဲလ်က အယ်လန့်ကိုကြည့်လိုက်ပြီး အီရီနာအကြောင်း ကယ်ဗင်ပြောပြခဲ့တာကို ပြန်တွေးမိသွားတယ်။အက်ဆဲလ်က မိန်းကလေး‌တွေကို စိတ်ဝင်စားတဲ့ပုံမပေါ်တာမို့ အယ်လန်ပြောတာမှန်နေနိုင်ပြီး သူ့မှာအခွင့်အရေးရှိနေခဲ့ပါတယ်။
         
          ထွက်ပေါက်နဲ့ အရမ်းဝေးသွားတဲ့ နေရာရောက်တဲ့အခါ အက်ဆဲလ်က အယ်လန့်ကို "ငါသူ့ကို တကယ်သဘောကျတယ်ထင်တယ် ဒါပေမယ့် ငါရူးကြောင်ကြောင်အလုပ်တစ်ခုကိုလုပ်ခဲ့တယ်ကယ်ဗင့်ကို ငါ့ရဲ့ ဝံပုလွေအသွင်ပြောင်းတဲ့ပုံလုပ်ပြမယ်လို့ပြောလိုက်တယ်...ငါလုပ်ပြလိုက်လို့ သူကြောက်သွားရင် ဘယ်လိုလုပ်မလဲ" လို့ ပြောပြခဲ့ပါတယ်။
         
          အယ်လန်က သူ့ခါးနာသွားရလောက်အောင် အားပါးတရရယ်ခဲ့ပါတယ်။‌ အဲ့ဒီနောက်
အက်ဆဲလ်ရဲ့ပုခုံးကို ပုတ်လိုက်ပြီး "အက်ဆဲလ်ရာ မင်း ပထမဆုံးချိန်းတွေ့တဲ့အနေနဲ့ ဒီလိုမျိုးမပြောသင့်ဘူးကွာ...အမှန်တိုင်းပြောရရင် မင်းရဲ့ဝံပုလွေပုံကို သူမကြောက်ဘူးဆိုရင် ချက်ချင်းသာ လက်ထပ်လိုက်တော့" လို့ပြောခဲ့တယ်။

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now