Ch-7

211 39 0
                                    

သွေးကတိ

ကယ်ဗင်က စာရင်းပြုစုပြီးတဲ့နောက် ထမင်းစားပြီးတဲ့အခါ မတ်တပ်ရပ်လိုက်တယ်
အဲ့ဒီနောက် ဧည့်ခံသူကို ဘောပင်ပြန်ပေးခဲ့ပြီး အခန်းထဲကို ချက်ချင်းပြန်ဝင်ခဲ့တယ်

အခုကတော့ မှော်ပညာနဲ့ အသေအချာ ဆက်စပ်နေတဲ့ ဆန်းကြယ်တဲ့ စာအုပ်ကို အသေးစိတ်ကြည့်ဖို့ အချိန်ကျခဲ့ပါပြီ

သူ့ရဲ့ တကယ့်ကမ္ဘာမှာတောင် ကြယ်ပုံသဏ္ဌာန် သင်္ကေတက မှော်ပညာကို ကိုယ်စားပြုခဲ့တယ်

သူက ကယ်ဗင့်ရဲ့ မှတ်ဉာဏ်တွေပေါ် အာရုံစိုက်ပြီး ဒီစာအုပ်ကို ဖွင့်ဖို့ ကြိုးစားခဲ့တဲ့ နည်းလမ်းတွေကို တွေ့ရှိခဲ့တယ်

ကယ်ဗင်က ဗဟုသုတ အရမ်းမကြွယ်ဝသလို ထက်မြက်တဲ့သူလည်း မဟုတ်ခဲ့ပါဘူး
ဒါ့အပြင် ကယ်ဗင်က စိတ်ကျဉ်းကျပ်လာလို့ ဒီစာအုပ်ကို မီးရှို့ပစ်ဖို့ထိ ကြိုးစားခဲ့တာကို သူတွေ့ခဲ့တယ်

ဒါပေမယ့် သူ့ကို အံ့အားသင့်စေတာက ဒီစာအုပ်မှာ မြင်ရတဲ့ ပျက်စီး‌နေတဲ့ အမှတ်အသားတွေကို မ‌တွေ့ရတာပါပဲ
သူက ခတ်ထားတဲ့တံဆိပ်ကို ကြည့်လိုက်တဲ့အခါ ဖြုတ်ရမယ့် သော့ခလောက် မဟုတ်တာကို တွေ့ခဲ့တာကြောင့် ဒီအရာကို ဖွင့်ဖို့ အခြားနည်းလမ်းတွေရှိနေနိုင်တယ်

အဲ့ဒီနောက် ကယ်ဗင်က အက်ဆဲလ်ရဲ့ဓားအကြောင်း အယ်လန်နဲ့ ပြောခဲ့တာတွေကို ပြန်တွေးခဲ့တယ်
အက်ဆဲလ်ကို ဒီဓားက သူ့ရဲ့အရှင်အသစ်အဖြစ် အမှတ်ရစေဖို့ နဲ့ ဒီဓားရဲ့ စွမ်းအားတွေကို အသုံးပြုနိုင်အောင် သွေးကတိလုပ်ထားခဲ့တာကို အယ်လန်က ပြောပြခဲ့တယ်

ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းက ကြိုးစားကြည့်သင့်တာမို့ ကယ်ဗင်က ဒီနည်းလမ်းနဲ့ ကြိုးစားဖို့ ရွေးချယ်လိုက်တယ်
ဒါကြောင့် သူကဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး စာအုပ်ပေါ်သွေးစက်တွေကျလာဖို့ သူ့ရဲ့လက်ချောင်းတစ်ချောင်းကို ဖြတ်လိုက်တယ်

စာအုပ်ပေါ်ကျတဲ့ သွေးစက်တွေက အလုပ်ဖြစ်ပုံပေါ်တာကြောင့် ကယ်ဗင် မျက်လုံးပြူးသွားခဲ့တယ်
ကြယ်ပုံသဏ္ဌာန်ကလည်း ပိုပြီးရွှေရောင်တောက်လာသလို ပဉ္စမမြောက်သွေးစက်ကျလာတဲ့အခါ တံဆိပ်က ပျောက်ကွယ်သွားပြီး စာအုပ်ဟာပွင့်ဟသွားခဲ့တယ်

ကျွန်တော် ပိုင်တဲ့ မှော်ဆရာ နည်းစနစ်Where stories live. Discover now